Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက် – အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ

ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များ မည်သည့် ယာဉ်များမဆို ရပ်ဝေး၊ရပ်နီး ခရီးသွားလာပါက ကားမှန်တင်၍ သော်လည်းကောင်း၊ မိုးကားများ အုပ်၍ သော်လည်းကောင်း မောင်းနှင်ဖြတ်သန်း ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသည့် ခရီးသွားယာဉ်များ ထိခိုက်ပျက်စီးမှုများရှိပါက တာဝန်ယူမ ည်မဟုတ်ကြောင်း အသိပေးထားသည်။

ဗန်းမောက် - အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ
ဗန်းမောက် - အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးအခြေအနေ များကြောင့် ဗန်းမောက် – အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်း လမ်းများကို ယနေ့ဇူလိုင် ၂၅ရက်မှစ၍ ညပိုင်း လုံး၀ အသုံးမပြုရန် ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

မည်သည့်ယာဥ်များမဆို ည ၇နာရီမှ နံနက် ၅နာရီ အတွင်း အသုံးမပြုရန် ကြေညာထားသည်။

ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များ မည်သည့် ယာဉ်များမဆို ရပ်ဝေး၊ရပ်နီး ခရီးသွားလာပါက ကားမှန်တင်၍ သော်လည်းကောင်း၊ မိုးကားများ အုပ်၍ သော်လည်းကောင်း မောင်းနှင်ဖြတ်သန်း ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသည့် ခရီးသွားယာဉ်များ ထိခိုက်ပျက်စီးမှုများရှိပါက တာဝန်ယူမ ည်မဟုတ်ကြောင်း အသိပေးထားသည်။

အရေးပေါ် ကျန်းမာရေး အခြေအနေ ကြောင့် ကန့်သတ်ချိန်အတွင်း ဗန်းမောက် – အင်းတော် လမ်းပိုင်းနှင့် ဗန်းမောက်မြို့နယ်အတွင်း လမ်းများကို အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာ နယ်မြေ ဒေသခံ အဖွဲ့များသို့ ဆက်သွယ်ပြီး ထောက်ခံချက်ရမှသာ သွားလာကြရန်နှင့် ယခု ထုတ်ပြန်ချက် အား ရက်အကန့် အသတ်မရှိ လိုကနာပေးရန်ဗန်းမောက် (ပကဖ)က ထုတ်ပြန်ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ