Connect with us

Hi, what are you looking for?

သတင်း

လွိုင်ဆမ်ဆစ်​တောင်​ခြေအနီးKIAနှင့် စစ်​ကောင်စီတပ်တိုက်ပွဲဖြစ်

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

(စစ်တပ်လက်နက်ကြီးကျည်ထိ၍ ဒဏ်ရာအပြင်းအထန်ရရှိ​သောက​လေးငယ်။ ဓါတ်ပုံ-CJ)
(စစ်တပ်လက်နက်ကြီးကျည်ထိ၍ ဒဏ်ရာအပြင်းအထန်ရရှိ​သောက​လေးငယ်။ ဓါတ်ပုံ-CJ)

●စစ်တပ်ကပစ်​သော လက်နက်ကြီးကျည်ထိ၍ ၃ နှစ်အရွယ်က​လေးငယ်အပြင်းအထန်ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင်ကေအိုင်အေနှင့် စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​ခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

လွိုင်ဆမ်ဆစ်တောင်ခြေအနီးတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဟုဒေသခံများကပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိ့ခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

“စစ်ကောင်စီ အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာ။ မန်နောင်ဒေသခံတွေလည်း ပြေးနေရပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ပစ်သော လက်နက်ကြီးကျည်သည်မန်နောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာအသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်းလည်းဒေသခံများကပြောသည်။

“ကလေးငယ်တစ်ယောက် ကျည်ထိသွားတယ်။ဒဏ်ရာပြင်းတယ်။ ပြောရရင် အခြေအနေမကောင်းဘူးလို့ပဲပြောပါရစေ”ဟု မန်နောင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာရ ကလေးငယ်သည် အသက်သုံးနှစ်အရွယ်တအာင်းတိုင်းရင်းသားကလေးငယ်တစ်ဦးဖြစ်သည်။အရေးပေါ်အခြေအနေဖြင့် ဆေးကုသပေးနေရဆဲဖြစ်သည်။

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook