Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားသေဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စီရင်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း UNA ကြေညာ

လူ့ဂုဏ်သိက္ခာကို လေးစားသမှု မရှိသကဲ့သို့ တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေကြောင်း၊ နိုင်ငံ့အာဏာကို မတရား သိမ်းယူထား သည့် စစ်ကောင်စီ၏ တိုင်းသူ ပြည်သူများတို့ အပေါ် ပြစ်မှုကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင် ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မတရားသေဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စီရင်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း UNA ကြေညာ
မတရားသေဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စီရင်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း UNA ကြေညာ

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်ဟု ဖော်ပြ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးအား မတရား သေဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စီရင်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)က သဘောထားထုတ်ပြန်သည်။

၎င်းတို့ လေးဦးအပေါ် သေဒဏ်ချမှတ်ခြင်းသည်ပင်လျင် တရားနည်းလမ်းကျသည့် ကိစ္စရပ်မဟုတ် သည့်အပြင် ယခုကဲ့သို့ မတရား အမိန့်ချမှတ်ထား သည့် သေဒဏ်အား ပြစ်ဒဏ်စီရင် ဆောင်ရွက်ခြင်းသည် သာ၍ နည်းလမ်းလည်းမကျ တရားဥပဒေနှင့်လည်း ကိုက်ညီမှု မရှိကြောင်း ဖော်ပြထားသည်။

ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရန် ရည်သန်နေသော နိုင်ငံတစ်ခုအနေဖြင့် ဤသို့သော ပြစ်ဒဏ် စီရင်ခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်သကဲ့သို့ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်း နှင့်လည်း လျော်ညီအပ်စပ်မှုမရှိကြောင်း UNAက ထုတ်ပြန်သည်။

လူ့ဂုဏ်သိက္ခာကို လေးစားသမှု မရှိသကဲ့သို့ တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေကြောင်း၊ နိုင်ငံ့အာဏာကို မတရား သိမ်းယူထား သည့် စစ်ကောင်စီ၏ တိုင်းသူ ပြည်သူများတို့ အပေါ် ပြစ်မှုကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင် ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

သတင်း

မေလ ၇ရက်က ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ဆက်ဆံရေးရုံးသို့ သွားရောက်သည့် ယာဉ်တန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။