Connect with us

Hi, what are you looking for?

သတင်း

၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ
၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ

၂၀၁၃ ခုနှစ် ရဲ့ ၅ လကျော်ကာလ မှာ စစ်ကောင်စီက သေဒဏ် အမိန့်ချထားသူ ၁၅ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဒဏ်ချခံရသူ ၁၅ ဦးမှာ အမျိုးသမီး ၄ ဦးပါဝင်တယ်လို့သိရပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

ဒီလိုထောင်ချခံရသူ ၇၀၀ ကျော်မှာ အမျိုးသမီး ၁၀၈ ဦး ၊အမျိုးသား ၆၂၀ ဦးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ၂ဦး ပါဝင်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒါအပြင် ထောင်ဒဏ်ချခံရသူ စာရင်းမှာ နှစ်ရှည်ထောင်ဒဏ်ဖြစ်တဲ့ တသက်တကျွန်းချခံရသူဦးရေဟာ ၅၄ ဦးထိရှိနေပါ။

ထောင်ဒဏ်တသက်ချခံရသူတွေထဲမှာ အမျိုးသမီး ၇ ဦးပါဝင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။