Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာများရာနှင့်ချီစုဝေး ဆန္ဒပြ

မြန်မာလုပ်သားများ ဆန္ဒပြမှုကို ထိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးအဖြစ် အင်အားအနည်းငယ်သာလာရောက်သည်ကို တွေ့ရပြီး ဆန္ဒပြမှုအပေါ် တားဆီးခြင်းလည်း မရှိပေ။

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာများရာနှင့်ချီစုဝေး ဆန္ဒပြ
ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာများရာနှင့်ချီစုဝေး ဆန္ဒပြ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူလေးဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံရာက်မြန်မာလုပ်သားများဦးဆောင်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ အင်အားရာနှင့်ချီစုဝေး ဆန္ဒပြနေကြသည်။

ယနေ့ ထိုင်းစံတော်ချိန် နေ့လည် ၁နာရီကစ၍ မြန်မာလုပ်သားများက မြန်မာသံရုံးရှေ့တွင် စုဝေး ဆန္ဒပြနေခြင်း ဖြစ်သည်။

ဆန္ဒပြမြန်မာလုပ်သားများက သေဒဏ်စီရင်ခံရသူလေးဦး​၏ ရုပ်ပုံများနှင့် နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​၏ ရုပ်ပုံများ ကိုင်ဆောင်ခဲ့ကြသည်။

မြန်မာလုပ်သားများ ဆန္ဒပြမှုကို ထိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးအဖြစ် အင်အားအနည်းငယ်သာလာရောက်သည်ကို တွေ့ရပြီး ဆန္ဒပြမှုအပေါ် တားဆီးခြင်းလည်း မရှိပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မြန်မာကလေးတွေ အပါအဝင် လူကုန်ကူး ခံရတယ်လို့ ယူဆရတဲ့ ကလေး ၉ ဦးနဲ့ မိန်းကလေးငယ် ၁ ဦးကို တာဝန်ရှိသူတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က တရုတ် ဘုရားကျောင်း တစ်ခုထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်ခဲ့ရာကလူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။