Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးအား စစ်ကောင်စီတပ် သေဒဏ်ပေးမှုအပေါ် အရေးယူပေးရန် ဂျပန်နိုင်ငံရှိ UN ရုံးရှေ့တွင် မြန်မာများ တောင်းဆိုဆန္ဒပြ

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဓာတ်ပုံ - RTM
ဓာတ်ပုံ - RTM

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်း(UN) ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသား များက ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် သေဒဏ်ပေး သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် ယနေ့ (ဇူလိုင် ၂၆) တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့် သေဒဏ်ချမှတ်ခြင်းအပေါ် အရေးယူပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းကို အရေးယူရန်၊ နိုင်ငံရေး အကျဉ်းသားများ အပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန်၊ UN အပါအဝင်နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် ကိစ္စများကို လျစ်လျူရှု မျက်ကွယ်မပြုရန် စသည့် အချက်များကို ရေးသားတောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။