Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီအတွက်နာရေးမလုပ်၊ ဆွမ်းမသွပ်၊အမျှမ​ဝေဘဲ အလှူငွေကောက်ခံခြင်းလည်းမရှိသလိုအလှူ​ငွေလက်ခံမည်မဟုတ်ဟု ဇနီးဖြစ်သူအသိပေး

“ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

ဦးဂျင်မီအတွက်နာရေးမလုပ်၊ ဆွမ်းမသွပ်၊အမျှမ​ဝေဘဲ အလှူငွေကောက်ခံခြင်းလည်းမရှိသလိုအလှူ​ငွေလက်ခံမည်မဟုတ်ဟု ဇနီးဖြစ်သူအသိပေး
ဦးဂျင်မီအတွက်နာရေးမလုပ်၊ ဆွမ်းမသွပ်၊အမျှမ​ဝေဘဲ အလှူငွေကောက်ခံခြင်းလည်းမရှိသလိုအလှူ​ငွေလက်ခံမည်မဟုတ်ဟု ဇနီးဖြစ်သူအသိပေး

●​​တော်လှန်ရေးအတွက်သာကူကြ၊ လှူကြရန် တိုက်တွန်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့်ပတ်သက်၍ အလှူငွေကောက်ခံခြင်းမရှိကြောင်းနှင့် တော်လှန်ရေးအတွက်သာ ကူကြ၊ လှူကြရန် ဦးဂျင်မီ​၏ ဇနီးဖြစ်သူ မနီလာသိန်းက အသိပေးသည်။

စစ်အုပ်စု​၏ ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရသည့် ဦးဂျင်မီအတွက် နာရေးမလုပ်၊ ဆွမ်းမသွပ်ဘဲ အမျှဝေမည်လည်း မဟုတ်ကြောင်း ထပ်မံအသိပေးထားသည်။

“ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာ လုပ်တာမျိုး၊ နာရေးအခမ်းအနား လုပ်တာမျိုးဟာ ဘယ်နိုင်ငံမှာပဲ လုပ်လုပ် ကျမနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိသလို ကိုဂျင်မီ့ကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေ ရှိနေတယ်လို့ ကြားသိနေရတယ်။ ကျမအတွက်ကူငွေမလိုဘူး။ လုံးဝ …လုံးဝ…လက်မခံပါ” ဟု မနီလာသိန်းက ဆိုသည်။

ပြည်သူလူထုအနေဖြင့် အရေးတော်ပုံ အောင်ရေးအတွက် ပြိုင်တူတွန်းကြ ရုန်းကြရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မနီလာသိန်းက ၎င်းအနေဖြင့် ကိုဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းမသွပ်၊ အမျှမဝေ၊ နာရေးမလုပ်ဟု အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်မြို့နယ် ဒေသအချို့တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများအား စစ်ဆေးနေမှုများကြန့်ကြာနေပြီး ထိရောက်စွာအရေးယူပေးရန် အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးက တိုက်တွန်းပြောဆိုသည်။

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက မတရားကွပ်မျက်မှုအပေါ် အောက်မေ့သတိရကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။