Connect with us

Hi, what are you looking for?

သတင်း

မြေနီကုန်း ခုံးတံတားတွင် “မင်းတို့အားလုံး ပြန်ပေးဆပ်ကြရလိမ့်မည်” ဟုရေးသား၍ သတိ​ပေး

အဆိုပါ လှုပ်ရှားမှုကို ဗမာ့လူငယ်ကွန်ရက် (ဗလက) မှ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ ကိုယ်စား ယင်းစာသားကို ဆေးမှုတ်၍ စစ်အာဏာရှင်များကို ရာဇသံပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ဗမာ့လူငယ်ကွန်ရက်
ဓာတ်ပုံ - ဗမာ့လူငယ်ကွန်ရက်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် လူစည်ကားရာတနေရာဖြစ်သော မြေနီကုန်း ခုံးတံတားဘေးတွင် ယနေ့ (ဇူလိုင် ၂၇) နေ့လည်ပိုင်း၌ တော်လှန်လူငယ်များက “မင်းတို့အားလုံး ပြန်ပေးဆပ်ကြရလိမ့်မည်” ဟု ရေးသား၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို ဗမာ့လူငယ်ကွန်ရက် (ဗလက) မှ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ ကိုယ်စား ယင်းစာသားကို ဆေးမှုတ်၍ စစ်အာဏာရှင်များကို ရာဇသံပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများဖြစ်သော “ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအာင်၊ ကိုအောင်သူရဇော်တို့ကို ရန်သူစစ်တပ်မှ ထောင်တွင်းလူသတ်မှု ကျူးလွန်ခဲ့ပြီး နောက်ပိုင်းမှစ၍ ပိုမိုပြင်းထန်သော သွေးကြွေးဆပ်၊ လက်တုန့်ပြန်မှုများ အရှိန်အဟုန်မြှင့်လာတော့မည် ဖြစ်ကြောင်း ကိုလည်း ဗမာ့လူငယ်ကွန်ရက်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။

သတင်း

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

သတင်း

ယခုမုန်တိုင်းသည် Mocha အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အိန္ဒိယမိုးလေဝသဌာနကလည်း မုန်းတိုင်းသတိပေးချက်များ နေ့စဉ် ထုတ်ပြန်နေသည်။