Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့်တိုက်ခိုက်ခဲ့ဟု မြိုင်(ပကဖ)ထုတ်ပြန်

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။

(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိဟု ဖော်ပြ

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်ကို ယနေ့နံနက်က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင် ၂၇ရက် နံနက် ၉နာရီခန့်တွင် မြိုင်နယ် မြောက်ပိုင်းသို့ စစ်ကြောင်း ထိုးလာသည့် အင်အား ၆၀ ခန့်ရှိ စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရနိုင်ကြောင်း ဖော်ပြထားပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

မြိုင်မြို့နယ် မကျီးစုရွာနှင့် ကျောက်ဆောင်ရွာအကြားတွင် ယမန်နေ့ (ဇူလိုင် ၂၆ရက်)ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသကဲ့သို့ PDF ပူးပေါင်းတပ်မှ ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်