Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ကွပ်မျက်မှုအပါအဝင် အရေးပေါ်ရှုတ်ချပွဲတရပ် ဂျပန်လွှတ်တော်အမတ်များပြုလုပ်

စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထား သည်။

တရားမဝင်ကွပ်မျက်မှုအပါအဝင် အရေးပေါ်ရှုတ်ချပွဲတရပ် ဂျပန်လွှတ်တော်အမတ်များပြုလုပ်
တရားမဝင်ကွပ်မျက်မှုအပါအဝင် အရေးပေါ်ရှုတ်ချပွဲတရပ် ဂျပန်လွှတ်တော်အမတ်များပြုလုပ်

စစ်အုပ်စု၏ တရားမဝင်ကွပ်မျက်မှုအပါအဝင် အရေးပေါ်ရှုတ်ချပွဲတရပ်ကို ဂျပန်လွှတ်တော်အမတ်များရုံး၌ ယနေ့ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ လေးဦးကို ကွပ်မျက်ခြင်း၊ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပနအခမ်းအနားသို့ စစ်ကောင်စီအားဖိတ်ကြားခြင်း၊ အကြမ်းဖက်စစ်သားလေးဦးကို သင်တန်းပေးခြင်းနှင့် ဂျပန်အစိုးရ၏ ODA ပေးခြင်း ကိစ္စရပ်များ အပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ အရေးပေါ်ရှုတ်ချပွဲသို့ မြန်မာနိုင်ငံအရေးထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့(GIREN) နှင့် NUG ကိုယ်စားလှယ်တို့ကဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ခံ ၊ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ခံ နှင့် JICA တာဝန်ခံတို့တက် ရောက်ဖြေကြားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာစစ်တပ်က ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ ဦးကို ကွပ်မျက်ခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထား သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။