Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းရှာနေသော စစ်ကောင်စီတပ် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက် ခံရပြီး သုံးဦးသေဟုဆို

မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။

(ယခင်ရက်ပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရစဥ်။)
(ယခင်ရက်ပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရစဥ်။)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက် ည၁၀ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြားတွင် မိုင်းရှာ‌နေသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးပြီး ခြောက်ဦးခန့် အပြင်းထန်ဒဏ်ရာရရှိ၍ ဆိုင်ကယ် သုံးစီးပါပျက်စီးသွားကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊ မြို့နယ် (ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ Saw Bwar Gyi (MPD)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က (၆၀၀မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း MBTT တပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MBTT အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။