Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့တွင် စစ်ကောင်စီတပ်က ဒီမိုကရေစီအရေး လှုပ်ရှားသူများအားသေဒဏ်ချမှုအပေါ် ကန့်ကွက်ဆန္ဒပြ

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် နိုင်ငံတို့တွင် မြန်မာနိုင်ငံသား များက အကြမ်းဖက်စစ်ကောင်စီတပ်၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးအား မတရားသဖြင့် သေဒဏ်ချမှတ်၍ စီရင်ခြင်းအပေါ် ဆန့်ကျင်ရှုတ်ချ ကြောင်း ယနေ့ (ဇူလိုင် ၃၀) ဆန္ဒပြခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ Federation Square တွင် ယင်းဆန္ဒပြပွဲကို ကျင်းပခဲ့ပြီး ပြည်ပရောက် မြန်မာနိုင်ငံသား ၃၀၀ နီးပါး ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံသို့ ရောက်ရှိနေသည့် သရုပ်ဆောင်မင်းမော်ကွန်းနှင့် စာရေးဆရာ မင်းဒင်တို့ တက်ရောက်ကာ သေဒဏ်ပေးခံလိုက်ရသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး တော်လှန်ရေး အောင်မြင်သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ထို့အပြင် ထိုင်ဝမ်နိုင်ငံတွင်လည်း ပြည်ပရောက် မြန်မာများက ဦးဆောင်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ စစ်အာဏာရှင်ကို ဆန့်ကျင် သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြပွဲကို ထိုင်ဝမ်ရောက် မြန်မာများ၊ ဒီမိုကရေစီအရေး လိုလားသူ ထိုင်ဝမ်နိုင်ငံသားများနှင့် ထိုင်ဝမ်လွှတ်တော်အမတ်များ ပူးပေါင်းပါဝင်ခဲ့ကြပြီး ကျဆုံးသူရဲကောင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့၏ ရုပ်ပုံများ​ကို ကိုင်ဆောင်၍ စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

ယနေ့ ညနေပိုင်း၌ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးအား ဥပဒေမဲ့ သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ်ကို ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းလည်း လာရောက်ပူးပေါင်း ချီတက်ခဲ့သည်။

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

Facebook