Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် Denko ဆီဘောက်ဆာကားတစ်စီးကို ဒေသတွင်းအဖွဲ့များက ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

▪️စစ်ကောင်စီထောက်တိုင်ဖြစ်၍ ဖမ်းဆီးခြင်းဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် Denko ဆီဘောက်ဆာကားတစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကောင်စီထောက်တိုင်​ဖြစ်၍ ဖမ်းဆီးဖြစ်ကြောင်း GZ Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၃၀ရက်) မွန်းလွဲပိုင်းက ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force ပြောက်ကျားတပ်ဖွဲ့၊တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူ ပြောက်ကျားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

စစ်ကောင်စီတပ် နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမဆို ပြင်းပြင်းထန်ထန် အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထိန်းသိမ်းသည့် မှတ်တမ်းဓါတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ယာဉ်မောင်းသမားဟုယူဆရသူတစ်ဦးလည်း ပါဝင်သည်။ ဖမ်းဆီးထိန်းသိမ်းထားသည့် ဆီဘောက်ဆာကားအား မည်သည့်နေရာတွင် ဖမ်းဆီးမိသည်ကို ဖော်ပြထားခြင်းမရှိပါ။ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို လည်း အသိပေးထားခြင်း မရှိသေးပါ။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ- GZ Special Task Force
ဓါတ်ပုံ- GZ Special Task Force

GZ Special Task Forceအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

ဖမ်းဆီးထိန်းသိမ်းထားသော ဆီဘောက်ဆာကားအား ဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။