Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ညီအစ်ကိုနှစ်ဦး အပါအဝင် လေးဦးကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)
(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက် အတွင်း ပြည်သူ့ကာကွယ် ရေး ရဲဘော်ညီအစ်ကိုနှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)
(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)

ထိုတိုက်ပွဲများအတွင်းယမန်နေ့ (ဇူလိုင်၃၀ရက်)က မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့်မိကာ သတ်ဖြတ်ခံခဲ့ရပြီး အော်တိုသေနတ် တစ်လက်ပါသွား ကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (ဇူလိုင်၃၁ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲဘော်နှစ်ဦးမှာ ညီအစ်ကိုအရင်းဖြစ်ကြောင်း မြိုင်နယ်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၂၇ ရက်ကလ​ည်း တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

“ကျဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လက်နက်ခဲယမ်း မပြည့်စုံလို့ပဲ။ လက်နက်ခဲယမ်း မပြည့်စုံလို့ အဖမ်းခံရတယ်။ အရှင်ဖမ်းမိတဲ့ရဲဘော်တွေကို ရက်ရက်စက်စက်သတ်တာခံရတယ် ။တမာမြေက ရဲဘော်နှစ်ယောက်ကို ပါးစပ်ထဲ ဂန်းနဲ့တေ့ပစ်ပြီး သတ်တယ်။မြိုင် ပကဖက ရဲဘော်နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်တယ်။”ဟု We Love Myaing အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။