Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းထွေအုပ်ရုံးနှင့် စည်ပင်ရုံး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး မီးလောင်ပျက်စီး

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

●PDRF နှင့် DNDF (ဝက်လက်)တို့ပူး​ပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်သား၄ဦးခန့်​သေဟုPDFထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးအတွင်း ယနေ့မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးသည်။

စစ်ကိုင်းထွေအုပ်ရုံးနှင့်စည်ပင်ရုံးသည် မျက်နှာချင်းဆိုင်အနေအထားဖြင့် တည်ရှိသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

“ရုံးပေါ်ကိုကျခဲ့ကာ တစ်ဆင့် ဂိုထောင်ဘက်ကျပြီးပေါက်ကွဲ မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးများတယ်လို့သိရပါတယ်။ စည်ပင်ရုံးဝင်းထိခိုက်မှုနည်းတယ်လို့ ကနဦးသတင်းရရှိပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လက်တလော မသိရသေးပေ။

“အသံကတော်တော်ကျယ်တယ်။ မြို့ထဲကနေကောင်းကောင်းကြားလိုက်ရတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ကပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ယ​နေ့ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့ကဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။