Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းထွေအုပ်ရုံးနှင့် စည်ပင်ရုံး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး မီးလောင်ပျက်စီး

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

●PDRF နှင့် DNDF (ဝက်လက်)တို့ပူး​ပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်သား၄ဦးခန့်​သေဟုPDFထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးအတွင်း ယနေ့မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးသည်။

စစ်ကိုင်းထွေအုပ်ရုံးနှင့်စည်ပင်ရုံးသည် မျက်နှာချင်းဆိုင်အနေအထားဖြင့် တည်ရှိသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

“ရုံးပေါ်ကိုကျခဲ့ကာ တစ်ဆင့် ဂိုထောင်ဘက်ကျပြီးပေါက်ကွဲ မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးများတယ်လို့သိရပါတယ်။ စည်ပင်ရုံးဝင်းထိခိုက်မှုနည်းတယ်လို့ ကနဦးသတင်းရရှိပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လက်တလော မသိရသေးပေ။

“အသံကတော်တော်ကျယ်တယ်။ မြို့ထဲကနေကောင်းကောင်းကြားလိုက်ရတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)
(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဥ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်​ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဥ်)

ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ကပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ယ​နေ့ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့ကဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။