Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီတို့အား ​သေဒဏ်ပေး၍ ထွေအုပ်နှင့်စည်ပင်ရုံးအား ဗုံးကြဲတိုက်ခိုက်ခြင်းဟု PDRF (SGG-UG) အဖွဲ့ပြော

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

(စစ်ကိုင်း​ထွေအုပ်ရုံးတိုက်ခိုက်ရာ ထိုရုံးမှကားနှစ်စီးမီး​လောင်ပျက်စီးပြီး​နောက်​တွေ့ရစဥ်)
(စစ်ကိုင်း​ထွေအုပ်ရုံးတိုက်ခိုက်ရာ ထိုရုံးမှကားနှစ်စီးမီး​လောင်ပျက်စီးပြီး​နောက်​တွေ့ရစဥ်)

သေဒဏ်စီရင်ခံခဲ့ရသည့် ကိုဂျင်မီတို့လေးဦးအတွက် လက်တုန့်ပြန်သည့်အနေဖြင့် စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးအား ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း PDRF (SGG-UG)က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့က ဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေဒဏ်စီရင်ခံခဲ့ရသော သူရဲကောင်းများဖြစ်သည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦးအတွက် ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နောက်နောက် ကိုဓဥပဒေဖြင့် ပိုမိုပြင်းထန်သောစစ်ဆင်ရေးများကို ပြုလုပ်မည်ဖြစ်ကြောင်း PDRF (SGG-UG)က သတိပေးသည်။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။