Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်
စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ဝင်းတာပန်တပ်စခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေ လာရောက်ပစ်ခတ်ရင် ကျေးရွာထဲကို ပြန်ပစ်မယ်လို့ စစ်ကောင်စီရဲ့တပ်ခွဲမှူးတစ်ဦးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဝင်းတာပန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စကခ(၈) ပိန္နဲတောလက်အောက်ခံ ခမရ(၄၁၀)တပ်ရင်းကဖြစ်ပြီး စခန်းမှူးတာဝန်ကို တပ်ခွဲမှူးဖြစ်တဲ့ မျိုးကျော်မြင့်ကဦးဆောင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

ဝင်းတာပန်စစ်ကောင်စီစခန်းဟာ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းမှာ တပ်စွဲထားတာကြောင့်​ ကေအဲန်ယူလက်အောက်ခံတပ်တွေနဲ့ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်(၃၁)ရက် ညပိုင်းအချိန်ကလည်း အဆိုပါစစ်ကောင်စီခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီစခန်းမှူးက ရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။