Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်
စစ်တပ်စခန်းကို လာပစ်ရင် ရွာထဲကိုပြန်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ဝင်းတာပန်တပ်စခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေ လာရောက်ပစ်ခတ်ရင် ကျေးရွာထဲကို ပြန်ပစ်မယ်လို့ စစ်ကောင်စီရဲ့တပ်ခွဲမှူးတစ်ဦးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဝင်းတာပန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စကခ(၈) ပိန္နဲတောလက်အောက်ခံ ခမရ(၄၁၀)တပ်ရင်းကဖြစ်ပြီး စခန်းမှူးတာဝန်ကို တပ်ခွဲမှူးဖြစ်တဲ့ မျိုးကျော်မြင့်ကဦးဆောင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

ဝင်းတာပန်စစ်ကောင်စီစခန်းဟာ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းမှာ တပ်စွဲထားတာကြောင့်​ ကေအဲန်ယူလက်အောက်ခံတပ်တွေနဲ့ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်(၃၁)ရက် ညပိုင်းအချိန်ကလည်း အဆိုပါစစ်ကောင်စီခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီစခန်းမှူးက ရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။