Connect with us

Hi, what are you looking for?

သတင်း

တပ်ထောက်ခံပွဲ ကင်းစောင့်ပေးနေသည့် စစ်အုပ်စုတိုက်ခိုက်ခံရပြီး လေးဦး သေဆုံးဟုဆို

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)အဖွဲ့ဝင်များအား တွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)အဖွဲ့ဝင်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ်ထောက်ခံပွဲအား ကင်းစောင့်ပေးနေသည့် အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်​က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁ရက် နံနက် ၉နာရီ ၄၅မိနစ်ခန့်က မြိုင်မြို့နယ်၊ ဥယျာဥ်မရွာတွင် တပ်ထောက်ခံပွဲ ပြုလုပ်နေစဥ် ဥယျာဥ်မကျေးရွာ ဇရပ်အနီး၌ ကင်းစောင့်နေ သော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၄၀ ခန့်ပါ ဖောကား ၂စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှော့တိုက်ဒုံး ၉ လုံး၊ မိုင်း၂လုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦးမျက်စိကွယ်သွားသ​ည် မြိုင်(ပ.က.ဖ)က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင်(ပ.က.ဖ)အဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook