Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ထောက်ခံပွဲ ကင်းစောင့်ပေးနေသည့် စစ်အုပ်စုတိုက်ခိုက်ခံရပြီး လေးဦး သေဆုံးဟုဆို

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)အဖွဲ့ဝင်များအား တွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)အဖွဲ့ဝင်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ်ထောက်ခံပွဲအား ကင်းစောင့်ပေးနေသည့် အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်​က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁ရက် နံနက် ၉နာရီ ၄၅မိနစ်ခန့်က မြိုင်မြို့နယ်၊ ဥယျာဥ်မရွာတွင် တပ်ထောက်ခံပွဲ ပြုလုပ်နေစဥ် ဥယျာဥ်မကျေးရွာ ဇရပ်အနီး၌ ကင်းစောင့်နေ သော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၄၀ ခန့်ပါ ဖောကား ၂စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှော့တိုက်ဒုံး ၉ လုံး၊ မိုင်း၂လုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦးမျက်စိကွယ်သွားသ​ည် မြိုင်(ပ.က.ဖ)က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင်(ပ.က.ဖ)အဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။