Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းများအား တိုက်ခိုက်ခဲ့ရာ ၂၀ ထက်မနည်းသေဆုံး​ချောင်းဦးပကဖ​ပြော

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

(ယမန်နေ့က မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်​နေစဥ်)
(ယမန်နေ့က မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်​နေစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်၏ ကင်းပုန်းနေရာ ၅ နေရာအား တိုက်ခိုက်ရာစစ်သား ၂၀ထက်မနည်းသေဆုံးကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ ၂ ရက်နေ့) နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၆၀ ခန့်ပါ သံပြားကာကားနှစ်စီးသည်မုံရွာမြို့မှထွက်လာပြီးစစ်ကောင်စီယာဥ်တန်းဖြတ်သန်းရန်အတွက် မုံရွာ-မန္တလေးလမ်းတစ်လျှောက်ကင်းပုန်းချခဲ့သည်။

CHU PDF တပ်ခွဲ၄(မိုင်းတပ်ခွဲ)၏ ရဲဘော်များက ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာကြားရှိ ကင်းပုန်း ၃ ခုကို ပဒေသာမိုင်း ၂လုံး၊ရှေ့ထွက်မိုင်း ၁ လုံးတို့ဖြင့်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးနှင့်အထက် သေဆုံးကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအပြင်အောင်ချမ်းသာရွာနှင့် ချောင်းဦးမြို့ကြားရှိ ကင်းပုန်းများကိုလည်း ပဒေသာမိုင်း ၂ လုံးဖြင့် နှစ်နေရာခွဲ တိုက်ခိုက်ခဲ့ရာ တစ်နေရာတွင် ၁၀ဦး၊ အခြားတစ်နေရာတွင် ၄ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်ဟု အလောင်းများကို သယ်ဆောင်ပေးခဲ့သူများထံက သိရကြောင်း ချောင်းဦး ပ.က.ဖ က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်လာသော ၃၇စီးပါ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာယာဥ်တန်းကိုလည်း ချောင်းဦးမြို့ပေါ်တွင် ပဒေသာမိုင်းတစ်လုံး၊ ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် ပဒေသာမိုင်း၄လုံး၊ ရှေ့ထွက်မိုင်းတစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီးထိခိုက်မှုကိုမသိရသေးကြောင်းချောင်းဦး ပ.က.ဖ ကထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦး ပ.က.ဖအဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့က မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။