Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်

အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများ၊ နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး၊ ဩစတြေးလျ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။

NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်
NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်

▪️NUGကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း The Australian Greens ပါတီကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရုံးခန်းတည်ရှိရာ မြို့တော်ကင်ဘာရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများ၊ နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး၊ ဩစတြေးလျ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ကြောင်း ဩစတြေးလျကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တရားရေးဝန်ကြီး ဦးသိန်းဦးတို့၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ဩစတြေးလျလွှတ်တော်အမတ်များ၊ CRPH/NUG Support Group (Australia)၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။