Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကောင်းမွန်ပုံရတယ် တရားရုံးအသိုင်းအဝိုင်းပြော

ဒီနေ့ရုံးထုတ်တဲ့အမှုဟာ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နဲ့ ပတ်သက်ပြီး စွဲဆိုတဲ့အမှုဖြစ်ပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

နေပြည်တော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့အမှုအတွက် ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ရုံးထုတ်မှာတွေ့မြင်ရပုံအရ ဒေါ်အောင်ဆန်းစုကြည်ဟာနေကောင်းပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

နေပြည်တော်အကျဉ်းထောင်ထဲမှာ အနေအစားဆင်းရဲတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ ကျန်းမာရေးကို လူထုက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ဒီနေ့ရုံးထုတ်တဲ့အမှုဟာ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နဲ့ ပတ်သက်ပြီး စွဲဆိုတဲ့အမှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးကာ တွေ့ရှိရတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရလက်ထက် စီးပွားရေးဝန်ကြီးတာဝန်ယူခဲ့သူတွေကို အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ စစ်ကောင်စီကတရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။