Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။

စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း
စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း

●အပြောလျှော့ပြီး ထပ်တိုးအရေးယူမှုများလုပ်ဆောင်ရမည့်အချိန်ကျရောက်ပြီဟု ဆို

အမေရိကန်အစိုးရသည် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေလုပ်ငန်း(MOGE)ကို အရေးယူပိတ်ဆို့ရမည်ဖြစ်ကြောင်းဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က တိုက်တွန်းသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ အရှေ့တောင်အာရှခရီးစဉ်မတိုင်မီ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့အိမ်နီးချင်းများနှင့် အာဆီယံနိုင်ငံများက စစ်ကောင်စီ၏ လူမဆန်သော၊ တရားဝင်မှုမရှိသော အုပ်ချုပ်မှုအောက်တွင် ဘေးဒုက္ခခံစားနေရသည့်အပြစ်မဲ့ပြည်သူများကိုအကူအညီပေးရန် ဆန္ဒမရှိပါက စစ်တပ်ကို ဖိအားပေးရန်နှင့်ဘဏ္ဍာရေးရင်းမြစ်များကို ပိတ်ဆို့ရန် အစိုးရအဖွဲ့ကို လွှတ်တော်က အခွင့်အာဏာပေးပြီးဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်သည်။

“မြန်မာပြည်သူတွေဟာ ဘေးဒုက္ခခံစားနေကြရပြီး ဒီမိုကရေစီမိတ်ဆွေထံကနေ အကူအညီရဖို့ စောင့်ဆိုင်းနေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်အနေနဲ့ အစိုးရအဖွဲ့ရဲ့အခွင့်အာဏာ ကို ဘက်ပေါင်းစုံကနေ အပြည့်အ၀အရေးယူပိတ်ဆို့မှုလုပ်ဆောင်ရပါမယ်။ စကားနည်းနည်းပြောပြီး များများအရေးယူလုပ်ဆောင်ရမယ့်အချိန်ရောက်ပါပြီ” ဟု အမေရိကန်အထက်လွှတ် တော်အမတ် မစ်ချ်မက်ကောနဲလ်က ပြောသည်။

ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်သည် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးထောက်ခံသူဖြစ်ပြီး အထက်လွှတ်တော်၏ ရီပက်ဗလစ်ကန်ပါတီခေါင်းဆောင်ဖြစ် သည်။

Public Service Announcement

Public Service Announcement

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။

ယမန်နေ့တွင် စတင်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ကမ္ဘောဒီး ယားခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်၍ခိုင်မာသည့်သတင်းစကားကို ပြောကြားမည်ဟု မျှော်လင့်ထားကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား နောက်ဆက်တွဲအရေးယူမှုများလုပ် ဆောင်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း မစ်ချ်မက်ကောနဲလ်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။