Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်တထောင်မြို့နယ်မှာဖမ်းမိတဲ့တက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင် ၃နှစ်စီချ

တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်ထက်အောင် ၊ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မမိုးမဉ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ကိုစိုင်းမင်းခန့်ကျော် တို့ကို စစ်ကောင်စီကထောင်ချလိုက်တာပါ။

ဓာတ်ပုံ −ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)
ဓာတ်ပုံ −ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)

ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ တက္ကသိုလ်ကျောင်းသား ၄ဦးကို အင်းစိန်ထောင်တွင်းတရားရုံးက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်ထက်အောင် ၊ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မမိုးမဉ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ကိုစိုင်းမင်းခန့်ကျော် တို့ကို စစ်ကောင်စီကထောင်ချလိုက်တာပါ။

ပုဒ်မ ၅၀၅(က)နဲ့ ထောင်ချလိုက်တဲ့အပြင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ ထပ်မံအမှုဆင်ဖို့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်းနယ်လုံဝန်ကြီးက အမိန့်ထားတာကို ရဲသတင်းရင်းမြစ်တွေဆီက သိရကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ သြဂုတ်လ ၈ ရက်နေ့မှာ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှု ကို ထပ်မံ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။