Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် ကျေးရွာနှစ်ရွာ မီးရှို့ခံရ၊(၈၀)ကျော် အရွယ်အဘွားအိုတစ်ဦး မီးလောင်ကွယ်လွန်

ယနေ့(သြဂုတ်၆ရက်) နံနက်ခင်းပိုင်းက အရာတော် မြို့နယ်တောင်ပိုင်းရှိ မင်းရွာ‌ကြီးနှင့် မြောက်ပိုင်းရှိ အောင်သာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

မင်းရွာမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-အရာတော်ပို့စ်
မင်းရွာမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-အရာတော်ပို့စ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရပြီး အသက်(၈​၀)ကျော်အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ်၆ရက်) နံနက်ခင်းပိုင်းက အရာတော် မြို့နယ်တောင်ပိုင်းရှိ မင်းရွာ‌ကြီးနှင့် မြောက်ပိုင်းရှိ အောင်သာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

မင်းရွာကြီးသည် ယမန်နေ့ကလည်း လေကြောင်းမှ ပစ်ခတ်ခံခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကာ တစ်ရွာလုံးနီးပါး ပြာကျခဲ့သည်။

အဆိပါ ကျေးရွာရှိအသက် (၈၀)ကျော်အရွယ် အဘွားဒေါ်ရှင်မှာ မီးထဲပါသွားခဲ့ပြီး ၎င်း၏ အလောင်းကို ကြိုးစားထုတ်ယူခဲ့ရကြောင်း ဒေသတွင်းမီဒီယာ အရာတော်ပို့စ်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ နံနက် ၁၁ နာရီဝန်းကျင်က ဝက်လက် မြို့နယ် စွယ်ကွေ့မှလာသောစစ်ကောင်စီတပ်သားများသည် အရာတော်အရှေ့မြောက်ဒေသရှိ အောင်သာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးလိုက်ပြီး ကျေးရွာဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် မွန်းလွဲ ၂နာရီခန့်က အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်‌ခတ်နေကြောင်း၊ ဘောင်းကျကျေးရွာကို ဩဂုတ် ၄ရက်ကလည်း ရဟတ်ယာဉ် (၃)စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။