Connect with us

Hi, what are you looking for?

သတင်း

ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင် လက်နက် အပြည့်အစုံဖြင့် TPC တပ်ဖွဲ့ထံ အလင်းဝင်

“CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ”ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - TPC
ဓာတ်ပုံ - TPC

တန့်ဆည်နယ် ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် လက်နက်အပြည့်အစုံဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(သြဂုတ် ၆)တွင် ထုတ်ပြန်သည်။

ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် ၎င်းကိုင်ဆောင်သည့် G3 သေနတ်တစ်လက်၊ ကျည်ဆံ ၃၈၀၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်အတူ TPC (ရွှေဘို ခရိုင် တပ်ရင်း ၂၅)ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ ရဲတပ်သားဇင်သူအောင်ကို TPC တပ်ဖွဲ့မှ ကျပ် သိန်း (၇၀)အား ဆုကြေးငွေအဖြစ်ထောက် ပံ့ခဲ့ပြီး လုံခြုံသည့်နေရာတစ်ခုတွင် ထားရှိကြောင်းလည်း အသိပေးသည်။

“CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ”ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲတပ်သား ဇင်သူအောင်သည် မိတ္ထီလာအခြေစိုက် အမှတ် (၃၅) ရဲတပ်ရင်းမှဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ယခုကဲ့သို့ ပြည်သူ့ဘက်ပူးပေါင်း၍ CDM ဝင်ရောက်ခြင်းအပေါ် ပြည်သူများနှင့်အတူ TPC တပ်ဖွဲ့မှ ဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။