Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။

မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးမှာ စစ်တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။

Public Service Announcement
Public Service Announcement

လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီး ကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ ညနေ(၄)နာရီခန့်မှာ ပြန်လည်ဆုတ်ခွါခဲ့ရပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ထိခိုက်မှုလုံးဝမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။