Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် မြင်းဒေါင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေ၊ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

ခင်ဦးနယ်ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။ ဓာတ်ပုံ-KSO
ခင်ဦးနယ်ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။ ဓာတ်ပုံ-KSO

▪️ပျူများက ဒေသခံတောင်သူနှစ်ဦးအား သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာအနီး တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး ဒေသခံ အသက်(၁၄) နှစ်အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း KURDAF မဟာမိတ်ဒေသခံကာကွယ်ရေး အင်အားစုက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သား ရှစ်ဦးအနက် ခြောက်ဦး သေဆုံးခဲ့ပြီး (၁၄)နှစ်အရွယ် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း KURDAFအဖွဲ့က ပြောသည်။

ယနေ့၌ပင် ပျူစောထီးရွာဖြစ်သော ခင်ဦးမြို့ နယ်၊ပျဉ်ထောင်ကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သည် မြင်းကျ ကျေးရွာသို့ ဝင်ရောက်ပစ်ခတ်ရာ တောင်သူလုပ်ငန်းခွင်ဝင်နေသော ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ကျွဲနှစ်ကောင်လည်း အဓမ္မလုယူသွားကြောင်း KURDAFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြင်းဒေါင်းကျေးရွာသို့ မူးတိမ်ချောင်းမှ နေ့စဉ်နီးပါး လာရောက်ပြီး ဒေသခံများ​၏ တိရိစ္ဆာန်များနှင့် အခြားလိုအပ်ရာပစ္စည်းများ မကြာခဏသိမ်းယူလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ရေဦးမြို့ ကြာဖူးအဝိုင်း ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြင်းဒေါင်း နှင့် မကျီးအုပ်ရွာကြားသို့ (၁၄)ကြိမ်နီးပါး ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများ စစ်ကြောင်းထိုးမည်စိုးရိမ်၍ မြင်းဒေါင်း ၊ မကျီးအုပ် နှင့် အခြားရွာ မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KURDAF က ပြောသည်။

KURDAF မဟာမိတ် ဒေသခံကာကွယ်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်တိုက်ပွဲသည် မိနစ် ၂၀ခန့်ကြာမြင့်ပြီး ကျည်ဖိုးငွေ ၁၂သိန်း နီးပါးကုန်ကျခဲ့သည်ဟု ၎င်းအဖွဲ့က အသိပေးထားသည်။

“ရန်ပုံငွေ ခက်ခဲလာလို့ တော်လှန်ရဲဘော်တွေ အတွက် ကျည်ဖိုးလေးတွေ လှူပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု KURDAF အဖွဲ့က ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်း ကျေးရွာပေါင်း၂၀ ထက်မနည်း အကြမ်းဖက်စီးနင်းခံရကာ ကျေးရွာ၁၀ရွာ အကြမ်းဖက်မီးရှို့ခံခဲ့ရသည်။ ထို့ကြောင့် ခန့်မှန်း အိမ်ခြေ ၅၀ကျော်ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အပြင် PDFရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပြီး ဒေသခံ ပြည်သူ ခုနစ်ဦး အသတ်ခံခဲ့ရသည်။မတရားဖမ်းဆီးခံရသူ ခြောက်ဦးထက်မနည်းရှိကြောင်း KURDAF အဖွဲ့နှင့် ဒေသတွင်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။