Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရုပ်ရှင်ဒါရိုက်တာRamaiကိုပြန်လည်လွှဲပြောင်းလက်ခံတော့မယ်လို့ ထိုင်းအစိုးရပြော

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းဒါရိုက်တာ Ramai
ထိုင်းဒါရိုက်တာ Ramai

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရုပ်ရှင်ဒါရိုက်တာ Ramai ကိုပြန်လည်လွှဲပြောင်းလက်ခံတော့မယ်လို့ မနေ့က ထုတ်ဖော်ပြောပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါးကုန်ကူးတဲ့အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြန်ပေးဆွဲခံထားရတဲ့ ထိုင်းရုပ် ရှင်ဒါရိုက်တာ Ramai ကို တရားမဝင်တက်ကြွလှုပ်ရှားသူတွေနဲ့ ဆက်စပ်တယ်လို့ စစ်ဆေးတွေ့ ရှိခဲ့မယ်ဆိုရင် သင့်တော်တဲ့ပုဒ်မတွေနဲ့ ထိုင်းအာဏာပိုင်တွေက ထပ်မံတရားစွဲ ဆိုဖို့ရှိနေပါတယ်။

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Ramai နဲ့ထိုင်းရုပ်ရှင်အဖွဲ့သားတွေဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် တာချီလိတ်မြို့ကို ရောက်ရှိခဲ့ ပြီး မူလအစီအစဉ်ပျက်ခဲ့ကာ ရုပ်ရှင်အဖွဲ့သားတွေက ထိုင်းကိုပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ‘၀’ ပြည်ရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် Chai ဆိုသူက Ramai ကို ချဥ်းကပ်ခဲ့ပြီးအခြားအလုပ်အတွက် ထပ်မံကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ Ramai ကိုဆက်သွယ် လို့မရတော့ပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လအစောပိုင်းမှာတော့ ‘၀’ တပ်ဖွဲ့(UWSA)က Ramai ကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၇ ရက်မှာတော့ UWSA က Ramai ကို ပြန်လွှတ်ပေးခဲ့ပြီး အခုအခါမှာမြန်မာစစ်တပ်ကအရာရှိ​တွေနဲ့အတူ တာချီလိတ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ကိုးကား/ဓါတ်ပုံ- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။