Connect with us

Hi, what are you looking for?

သတင်း

ရုပ်ရှင်ဒါရိုက်တာRamaiကိုပြန်လည်လွှဲပြောင်းလက်ခံတော့မယ်လို့ ထိုင်းအစိုးရပြော

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းဒါရိုက်တာ Ramai
ထိုင်းဒါရိုက်တာ Ramai

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရုပ်ရှင်ဒါရိုက်တာ Ramai ကိုပြန်လည်လွှဲပြောင်းလက်ခံတော့မယ်လို့ မနေ့က ထုတ်ဖော်ပြောပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါးကုန်ကူးတဲ့အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြန်ပေးဆွဲခံထားရတဲ့ ထိုင်းရုပ် ရှင်ဒါရိုက်တာ Ramai ကို တရားမဝင်တက်ကြွလှုပ်ရှားသူတွေနဲ့ ဆက်စပ်တယ်လို့ စစ်ဆေးတွေ့ ရှိခဲ့မယ်ဆိုရင် သင့်တော်တဲ့ပုဒ်မတွေနဲ့ ထိုင်းအာဏာပိုင်တွေက ထပ်မံတရားစွဲ ဆိုဖို့ရှိနေပါတယ်။

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Ramai နဲ့ထိုင်းရုပ်ရှင်အဖွဲ့သားတွေဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် တာချီလိတ်မြို့ကို ရောက်ရှိခဲ့ ပြီး မူလအစီအစဉ်ပျက်ခဲ့ကာ ရုပ်ရှင်အဖွဲ့သားတွေက ထိုင်းကိုပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ‘၀’ ပြည်ရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် Chai ဆိုသူက Ramai ကို ချဥ်းကပ်ခဲ့ပြီးအခြားအလုပ်အတွက် ထပ်မံကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ Ramai ကိုဆက်သွယ် လို့မရတော့ပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လအစောပိုင်းမှာတော့ ‘၀’ တပ်ဖွဲ့(UWSA)က Ramai ကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၇ ရက်မှာတော့ UWSA က Ramai ကို ပြန်လွှတ်ပေးခဲ့ပြီး အခုအခါမှာမြန်မာစစ်တပ်ကအရာရှိ​တွေနဲ့အတူ တာချီလိတ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ကိုးကား/ဓါတ်ပုံ- Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook