Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ ဈေးဝယ်ထွက်တဲ့ရွာသားကို စစ်အုပ်စုအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

သေဆုံးသူဟာ ထွန်စက်မောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ဖုန်းထဲမှာ မြေဧကစကေးတိုင်းတဲ့ Mapsဆော့လ်ဝဲတွေ့ရတယ်ဆိုကာ စစ်အုပ်စုက ဖမ်းဆီးသွားတာပါ။

People's Spring
People's Spring

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာ ရွာသားတစ်ဦးကို စစ်အုပ်စုကအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်ပိုင်းက နွားထိုးကြီးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ရွာသားတစ်ဦးကို ကန်နီဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုက အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ရိုက်နှက်ဖမ်းဆီးခံရသူ ရွာသားဟာ ဖမ်းခံရတဲ့ညနေပိုင်းမှာတင် သေဆုံးသွားတယ်ဆိုတာကို ကြားသိရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ ထွန်စက်မောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ဖုန်းထဲမှာ မြေဧကစကေးတိုင်းတဲ့ Mapsဆော့လ်ဝဲတွေ့ရတယ်ဆိုကာ စစ်အုပ်စုက ဖမ်းဆီးသွားတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။