Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ရှိ စုပေါင်းရုံးကို အင်အားပြင်းဗုံးဖြင့် တိုက်ခိုက်ခံလိုက်ရပြီး မီးလောင်

“ဗုံးပေါက်ကွဲပြီး မီးတွေ တဟုန်းဟုန်းလောင်နေတာ။ ရုံးထဲကဟာတွေ( ဝန်ထမ်းများ) ထိ၊မထိတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ပေါက်ကွဲမှုဖြစ်ပြီး ဗန်းမော်စုပေါင်းရုံး မီးလောင်နေစဥ်၊ ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပြီး ဗန်းမော်စုပေါင်းရုံး မီးလောင်နေစဥ်၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ကောင်စီနှင့်ဌာနဆိုင်ရာများ တပ်စွဲထားသည့် စုပေါင်းရုံးကို အင်အားပြင်းဗုံးဖြင့် ယနေ့(သြဂုတ် ၁၀ရက်) နံနက် ၁၁နာရီခန့်တွင် တိုက်ခိုက်ခံလိုက်ရပြီး မီးလောင်ကျွမ်းခဲ့သည်။

“ဗုံးပေါက်ကွဲပြီး မီးတွေ တဟုန်းဟုန်းလောင်နေတာ။ ရုံးထဲကဟာတွေ( ဝန်ထမ်းများ) ထိ၊မထိတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့အခြေစိုက် Urban Revolutionary Force – Bhamo အဖွဲ့က ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၊ဌာနများနှင့် ဝေးရာတွင်နေထိုင်ကြရန် အထူးသတိပေးချက်ကို ယနေ့ ထုတ်ပြန် ထားသည်။

“ဘယ်အထိ အာဏာစက် ပျံနှံ့နေလဲဆိုတာ သိပြီလား ။ဘယ်အထိ ဘာလုပ်လို့ရလဲဆိုတာ သဘောပေါက်ကြလား။ အချို့လုပ်ကွက်လေးတွေ ချန်ပြီး နေနေတာကို သူတို့တွေ မသိဘူး။ ပြည်သူတွေထိခိုက်မှာ စိုးလို့ချန်နေ တယ်ဆ်ိုပေမယ့် ရှိတဲ့နေရာသီးသန့်အထိ လုပ်လို့ရတယ်။ အခုအချက်ကို ကြည့်ပြီး သဘောပေါက်။ နောက်ထပ် ထပ်လာမယ်ဆိုတာလည်း တစ်ခါတည်း သိထား”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက လူမှုကွန်ရက် တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ