Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများနိုင်

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)
(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း Banmauk Revolution က ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၀ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ည ၁၁နာရီတွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရှမ်းနီတပ်ဖွဲ့(SNA)ကလည်း ပြည်သူလူထု အချို့ကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြခဲ့သည်။ ဩဂုတ် ၈ရက်တွင် SNAက ဖမ်းဆီးသွားသည့် ရှမ်းနီလူမျိုး ကိုကျော်သက်မှာ သတ်ဖြတ်ခံလိုက်ရပြီး မိသားစုက အလောင်းသွားရောက်တောင်းယူရာတွင်လည်း SNAက အလောင်းပြန်မပေးဘဲ အလောင်းကို ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မံစီကြီးကျေးရွာမှ PDFနှင့် ဆက်နွယ်၊ ထောက်ပံ့သည်ဟု သံသယရှိသော ဒေသခံရှမ်းနီလူမျိုးများကို လိုက်လံဖမ်းဆီးနေပြီး မံစီကြီးရွာမှ တိမ်းရှောင်လာသူများကို လက်မခံရန်လည်း အနီးအနားရွာများကို SNAက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြထားသည်။

SNAတပ်သည် စစ်ကောင်စီ နှင့်အတူ စစ်ဆင်ရေးများတွင် ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။