Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများနိုင်

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)
(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း Banmauk Revolution က ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၀ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ည ၁၁နာရီတွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရှမ်းနီတပ်ဖွဲ့(SNA)ကလည်း ပြည်သူလူထု အချို့ကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြခဲ့သည်။ ဩဂုတ် ၈ရက်တွင် SNAက ဖမ်းဆီးသွားသည့် ရှမ်းနီလူမျိုး ကိုကျော်သက်မှာ သတ်ဖြတ်ခံလိုက်ရပြီး မိသားစုက အလောင်းသွားရောက်တောင်းယူရာတွင်လည်း SNAက အလောင်းပြန်မပေးဘဲ အလောင်းကို ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မံစီကြီးကျေးရွာမှ PDFနှင့် ဆက်နွယ်၊ ထောက်ပံ့သည်ဟု သံသယရှိသော ဒေသခံရှမ်းနီလူမျိုးများကို လိုက်လံဖမ်းဆီးနေပြီး မံစီကြီးရွာမှ တိမ်းရှောင်လာသူများကို လက်မခံရန်လည်း အနီးအနားရွာများကို SNAက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြထားသည်။

SNAတပ်သည် စစ်ကောင်စီ နှင့်အတူ စစ်ဆင်ရေးများတွင် ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။