Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းမှာအင်တာနက်လိုင်း ဆိုးရွားနေ

အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအချို့ကလည်း နေရာအချို့မှာချို့ယွင်းချက်ဖြစ်ပေါ်လို့ သုံးစွဲသူတွေ အင်တာနက်အသုံးပြုရာမှာ အဆင်မပြေမှုဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ထားတာတွေ့ရပါတယ်။

Photo - Stringer via AFP
Photo - Stringer via AFP

မနေ့ကညပိုင်း ကစတင်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းမှာ အင်တာနက်လိုင်းပြတ်တောက်တာ ၊နှေးကွေးတာတွေဖြစ်ပေါ်နေတယ်လို့ အင်တာနက်သုံးစွဲသူတွေထံက စုံစမ်းသိရပါတယ်။

စစ်ကောင်စီဟာ ခုခံတော်လှန်မှု ပြင်းထန်နေတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာတွေရှိနေပြီး မနေ့က ညပိုင်းကစတင်ကာ ရန်ုကုန်၊မန္တလေး၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာပါ အင်တာနက်လိုင်း နှေးကွေးတာတွေကို ကြုံခဲ့ရတာပါ။

စစ်ကောင်စီသြဇာခံဆက်သွယ်ရေးဌာနဘက်က မီဒီယာအချို့ကိုဖြေကြားချက်မှာ မြန်မာနိုင်ငံကို ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ကေဘယ်လိုင်း မှာ ချို့ယွင်းချက်ဖြစ်ပေါ်နေလို့ အင်တာနက်လိုင်းပြဿနာကြုံနေရတဲ့အကြောင်း ဆိုထားတာတွေ့ရပါတယ်။

လက်ရှိမှာ အရန်ချိတ်ဆက်ထားတဲ့အင်တာနက်လိုင်းကသာပေးနေရတယ်လို့ ဖြေထားပါသေးတယ်။

Public Service Announcement

Public Service Announcement

အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအချို့ကလည်း နေရာအချို့မှာချို့ယွင်းချက်ဖြစ်ပေါ်လို့ သုံးစွဲသူတွေ အင်တာနက်အသုံးပြုရာမှာ အဆင်မပြေမှုဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမြို့နယ်အများအပြားကို ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်နေတာဟာ ပြည်တွင်း သတင်းစီးဆင်းမှုကို ရပ်တန့်စေပြီး စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးကွယ်နိုင်ဖို့အတွက် အပါအဝင် အဓိကရည်ရွယ်ချက် သုံးရပ်အတွက်လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောပါတယ်။