Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်

ယနေ့ နေ့လည် ၁၁ နာရီကစ၍ ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့် ယာဥ်မှ ဖြတ်သန်းသွား လာချင်းမပြုရန် သတိပေးသည်။

အင်းတော် - ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်
အင်းတော် - ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်

စစ်ရေးအရ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား ယနေ့ (သြဂုတ် ၁၆ ရက်) ကစ၍ ယာယီပိတ်ပင် မည်ဖြစ်ကြောင်း Indaw Revolutionက ထုတ်ပြန်သည်။

ယနေ့ နေ့လည် ၁၁ နာရီကစ၍ ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့် ယာဥ်မှ ဖြတ်သန်းသွား လာချင်းမပြုရန် သတိပေးသည်။

“အဓိကတော့ နယ်မြေစိုးမိုးရေးနဲ့ လမ်းပိုင်းဆိုင်ရာ စစ်ရေးအရ ခေတ္တပိတ်လိုက် တာပါ။ပြန်ဖွင့်ပေးမယ့်အချိန်ကိုလည်း အချိန်နဲ့တပြေးညီပြန်ကြေညာပါ့မယ်။ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု အင်းတော်(ပကဖ) အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇူလိုင်လကုန်ကစ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ် (PDF)များက တိုက်ခိုက်ထား သည်။

Public Service Announcement

Public Service Announcement

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေကြောင့်လည်း ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင် ည(၇)နာရီမှ နံနက်(၅)နာရီအတွင်း မည်သည့်ယာဥ် အမျိုးစားမဆို လုံးဝ (လုံးဝ)ဖြတ် သန်းသွားလာခွင့်ကို အင်းတော် PDF က တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။