Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ် တိုက်ခိုက်ခံရ၊ ရဲမှူးနှင့် ရဲတစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူနှင့် ရဲတပ်သားတို့သည် ပြီးခဲ့သည့်လပိုင်းက လက်နက်နှင့်အတူ CDM ပြုလုပ်သွားသည့်အတွက် ယခင်က အင်းတော်မြို့နယ်ရဲမှူးဟောင်း မောင်မောင်လှတင့်အား ရာထူး လျှော့ကာ မဲဇာသို့ပို့ထားခြင်းဖြစ်သည်။

(အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)
(အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်မြို့နယ်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇွန် ၂၀) ထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်က အင်းတော်မြို့မှ မဲဇာရွာဘက်ပြန်လာသည့် မဲဇာနယ်မြေစခန်းမှူးမောင်မောင်လှတင့်နှင့် ရဲတစ်ဦးမောင်းနှင်လာသည့်ယာဥ်ကို အင်းတော်နှင့် မဲဇာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“မိုင်းက မောင်မောင်လှတင့်ထိုင်တဲ့ဘက်ကိုမကျတော့ သူက မျက်နှာတော့စုပ်သွားတယ်။ ယာဥ်မောင်းဘက်ကထိုင်တဲ့ရဲတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်”ဟု IR အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသော မဲဇာစခန်းမှူးနှင့် ရဲတပ်သားတစ်ဦးတို့ကို အင်းတော်မြို့နယ်ရဲစခန်းတွင် ကုသပေးနေကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူနှင့် ရဲတပ်သားတို့သည် ပြီးခဲ့သည့်လပိုင်းက လက်နက်နှင့်အတူ CDM ပြုလုပ်သွားသည့်အတွက် ယခင်က အင်းတော်မြို့နယ်ရဲမှူးဟောင်း မောင်မောင်လှတင့်အား ရာထူး လျှော့ကာ မဲဇာသို့ပို့ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။