Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ် တိုက်ခိုက်ခံရ၊ ရဲမှူးနှင့် ရဲတစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူနှင့် ရဲတပ်သားတို့သည် ပြီးခဲ့သည့်လပိုင်းက လက်နက်နှင့်အတူ CDM ပြုလုပ်သွားသည့်အတွက် ယခင်က အင်းတော်မြို့နယ်ရဲမှူးဟောင်း မောင်မောင်လှတင့်အား ရာထူး လျှော့ကာ မဲဇာသို့ပို့ထားခြင်းဖြစ်သည်။

(အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)
(အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်မြို့နယ်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇွန် ၂၀) ထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်က အင်းတော်မြို့မှ မဲဇာရွာဘက်ပြန်လာသည့် မဲဇာနယ်မြေစခန်းမှူးမောင်မောင်လှတင့်နှင့် ရဲတစ်ဦးမောင်းနှင်လာသည့်ယာဥ်ကို အင်းတော်နှင့် မဲဇာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“မိုင်းက မောင်မောင်လှတင့်ထိုင်တဲ့ဘက်ကိုမကျတော့ သူက မျက်နှာတော့စုပ်သွားတယ်။ ယာဥ်မောင်းဘက်ကထိုင်တဲ့ရဲတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်”ဟု IR အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသော မဲဇာစခန်းမှူးနှင့် ရဲတပ်သားတစ်ဦးတို့ကို အင်းတော်မြို့နယ်ရဲစခန်းတွင် ကုသပေးနေကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူနှင့် ရဲတပ်သားတို့သည် ပြီးခဲ့သည့်လပိုင်းက လက်နက်နှင့်အတူ CDM ပြုလုပ်သွားသည့်အတွက် ယခင်က အင်းတော်မြို့နယ်ရဲမှူးဟောင်း မောင်မောင်လှတင့်အား ရာထူး လျှော့ကာ မဲဇာသို့ပို့ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။