Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ပိုင်ဆိုင်မှုများ တန်ဖိုးထက်ဝက်လျော့ကျစေသည့် အဓိကတရားခံ စစ်အုပ်စုကို အမြစ်ဖြတ်ရန် အချိန်ရောက်ပြီဟု NUG ဝန်ကြီးချုပ်ပြော

ဝန်ကြီးဌာနများ ပေါင်းစပ်လုပ်ဆောင်ရမည့် အလုပ်များကိုလည်းနှောင့်နှေးမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်။

ပြည်သူလူထု​၏ ပိုင်ဆိုင်မှုများ တန်ဖိုးထက်ဝက် လျော့ကျသွားစေခြင်း​၏ အဓိက တရားခံစစ်အုပ်စုကို အမြစ်ဖြတ်ရန် အချိန်ရောက်ပြီဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း၌ ဝန်ကြီးချုပ်က ပြည်သူတွင် ပြည်သူသာရှိ၍ အတူတူရုန်းကန်ကြမှသာ ယခုထက်ဆိုးရွားသည့်အခြေအနေမကြုံတွေ့မည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့အားလုံးကြုံတွေ့ဖြတ်သန်းခဲ့ကြရတဲ့ ၁၉၆၀-၁၉၇၀ ခုနှစ်တွေဆီကို ကျနော်တို့နောင်မျိုးဆက်တွေကို ပြန်လည်ခေါ်ဆောင်သွားဖို့ဆို တာလုံး ဝမဖြစ်သင့်တဲ့ကိစ္စတခုဖြစ်ပါတယ်။ ကျနော်တို့လည်းတပါတီအာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများ စွာ မျက်စိပိတ်နားပိတ်နေခဲ့ကြရပြီး ဒီမိုကရေစီအသီးအပွင့်လေးမြင်တွေ့ရဖို့ နှစ်ပေါင်းများစွာ အသက် သွေးချွေးပေး ဆပ်ပြီး ကြိုးစားခဲ့ကြတာမို့ ဒီခရီးကရှည်ပေမယ့် ဆက်လက်ကြိုးစား လျှောက်လှမ်းရင်း အောင် ပွဲဆီသွားကြဖို့လိုအပ်ပါတယ်။ ဒါဟာကျနော်တို့အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလည်းဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ “ကျနော်တို့တက်ညီလက် ညီဆက်ကြိုးစားကြမယ် ဆိုရင် အောင်ပွဲကမဝေးတော့ ပါဘူး။ ပြည်သူတွေတက်ညီလက်ညီဆက် လက်တိုက်ပွဲဝင်နိုင်ဖို့ ဦးဆောင်မှုပေးရမှာကတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပိုင်ဆိုင်မှုများ တန်ဖိုးထက်ဝက်လျော့ကျစေသည့် အဓိကတရားခံ စစ်အုပ်စုကို အမြစ်ဖြတ်ရန် အချိန်ရောက်ပြီဟု NUG ဝန်ကြီးချုပ်ပြော
ပြည်သူ့ပိုင်ဆိုင်မှုများ တန်ဖိုးထက်ဝက်လျော့ကျစေသည့် အဓိကတရားခံ စစ်အုပ်စုကို အမြစ်ဖြတ်ရန် အချိန်ရောက်ပြီဟု NUG ဝန်ကြီးချုပ်ပြော

သို့သော် ယနေ့အချိန်အခါမျိုးတွင် NUG အနေဖြင့် ဦးဆောင်မှုကောင်းကောင်းဖြင့် အချိတ်အဆက်မိမိ စီမံနိုင်ရန် လွန်စွာအရေးကြီးပြီး ဝန်ကြီးဌာနတခုချင်းစီ အလိုက်တော်လှန်ရေးကိုရှေးရှုတဲ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဝန်ကြီးဌာနများ ပေါင်းစပ်လုပ်ဆောင်ရမည့် အလုပ်များကိုလည်းနှောင့်နှေးမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့​၏ ကော်မတီများ၊ အဖွဲ့များ​၏ လုပ်ဆောင်ချက်များကို အစိုးရအဖွဲ့ဝင်များအကြား အချင်းချင်း အဆက်အသွယ် မပြတ်ဘဲ ချိတ်ဆက်နိုင်ရေးနှင့် အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အစိုးရအဖွဲ့ ဝင်အားလုံး အားထည့်၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေး ဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။