Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းရှိ တိုက်ခန်း မီးလောင်မှုဖြစ်

“မီးက ခုနစ်လွှာ အပေါ်ဆုံးထပ် မီးလောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာ လို့တော့ သိရတယ်။ အခန်းတစ်ခန်းလုံးနီးပါး မီးလောင်ကျွမ်းသွားပါတယ်။ အဲ့အိမ်က လူတွေတော့ မီးလွတ်တယ်လို့ သိရပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook
ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook

မီးလောင်ပြင်အနီး လျှပ်စစ်မီးလိုင်းတက်ဖြုတ်သည့် EPC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပတ်လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ခုနစ်လွှာ အပေါ်ဆုံးထပ်တွင် ယနေ့ (သြဂုတ် ၁၆) ညနေပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

“မီးက ခုနစ်လွှာ အပေါ်ဆုံးထပ် မီးလောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာ လို့တော့ သိရတယ်။ အခန်းတစ်ခန်းလုံးနီးပါး မီးလောင်ကျွမ်းသွားပါတယ်။ အဲ့အိမ်က လူတွေတော့ မီးလွတ်တယ်လို့ သိရပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook
ဓာတ်ပုံ – MFSD & Thiha Htet Naing / Facebook

ယနေ့ ညနေ ၃နာရိ မိနစ်၄၀တွင် ပန်းဘဲတန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊အလယ်ဘလောက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက်ငြှိမ်း သတ်ခဲ့ရာ ၃နာရီ ၄၆ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါ မီးလောင်ပြင်အနီး လျှပ်စစ်မီးလိုင်း တက်ရောက်ဖြုတ်ပေး သည့် EPC ဝန်ထမ်း တစ်ဦး ဓာတ်လိုက်၍ သေဆုံးခဲ့​ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“EPC က ကောင်လေးက ဝါယာရှော့ကြောင့် မီးလောင်တယ်ဆိုလို့ မီးတက်ဖျက်တာလို့ ပြောကြတယ်။ ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှာ ကပ်နေတာပါ။ သူ့ကို ကျန်ဝန်ထမ်းတွေက တော်တော်တက်ဖြုတ်လိုက်ရတယ်။ သေသွားတယ် လို့ သိရပါတယ် “ဟု ၎င်းက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက် ညပိုင်းကလည်း ရန်ကုန်မြို့ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။