Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် အင်ငုတ္တို နှင့် ပင့်သာရွာကို စစ်ကောင် စီ နှစ်ရက်ဆက် မီးရှို့နေ

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရသည်။

(ပင့်သာရွာအား အကြမ်းဖက်စစ်အုပ်စုမှ မီးရှို့​နေပုံအား အ​ဝေးမှမြင်ရစဥ်၊ဓာတ်ပုံ- Infinity Group)
(ပင့်သာရွာအား အကြမ်းဖက်စစ်အုပ်စုမှ မီးရှို့​နေပုံအား အ​ဝေးမှမြင်ရစဥ်၊ဓာတ်ပုံ- Infinity Group)

▪️ကိုးတောင်ဘို့ရွာတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်​ရှိ အင်ငုတ္တိုရွာနှင့် ပင့်သာကျေးရွာကို စစ်ကောင်စီက နှစ်ရက်ဆကမီးရှို့နေပြီး ဒေသတွင်း၌ စစ်ဘေးသင့်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်​ မြောက်ပိုင်းမှ အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို ယမန်နေ့ နှင့် ယ​နေ့ (ဩဂုတ် ၁၇ ရက်​) နှစ်ရက်ဆက်တိုက် မီးပတ်ရှို့​နေ​ကြောင်း ကန့်ဘလူအခြေစိုက် ပြည်သူ့တော်လှန်ရေးသတင်းများဖော်ပြပေးနေသော Infinity Group က သတင်းထုတ်ပြန်သည်။

အင်ငုတ္တိုရွာနှင့် ပင့်သာရွာ၏အ​ခြေအ​နေအ​သေးစိတ်ကို ယနေ့ညနေအထိ တိတိပပ မသိ​ရ​သေးကြောင်းလည်း ထပ်မံထုတ်ပြန်ထားပြီး “ကန့်ဘလူမြို့နယ်​မြောက်ခြမ်းကို အာရုံစိုက်​ပေးပါ”ဟု တောင်းဆိုထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲသည် ၄နာရီခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သည့်အရေအတွက်ကို မသိရသေးကြောင်း Kotaungbo People Defend Force က ထုတ်ပြန် ထားသည်။

လတ်တလောတွင် ကန့်ဘလူမြို့နယ် ချပ်ကြီး​ဒေသ နှင့် ပင့်သာ​ဒေသတို့၌ ဒေသခံပြည်သူ​တစ် သောင်း​ကျော် စစ်​ဘေးသင့်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook