Connect with us

Hi, what are you looking for?

News

ကန့်ဘလူနယ်​မြောက်ခြမ်းရှိ ​ရွာများအား စစ်အုပ်စု မီးရှို့ဖျက်ဆီး၍ ​နေအိမ် ၃၀​ကျော်ပြာကျ

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ချပ်သင်းရွာအ​ရှေ့ဘက် ဦးကင်းကြည်​ကျေးရွာရှိ နေအိမ် နှစ်လုံးအား မီိးရှို့သွားခဲ့သည်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​မြောက်ခြမ်းရှိ ​ကျေးရွာများအား စစ်​ကောင်စီတပ်နှင့်ပျူစောထီးများက ဝင်​ရောက်မီးရှို့ဖျက်ဆီးခဲ့၍ ​နေအိမ် ၃၀​ကျော် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်​မြောက်ခြမ်း ချပ်သင်း​ဒေသနှင့် ချပ်ကြီး​ဒေသရှိ ​ကျေးရွာများအား အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများက ယ​မန်နေ့(မေလ ၁၇ရက်) နံနက်ပိုင်းက ဝင်​ရောက်မီးရှို့ခဲ့​ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ချပ်သင်းရွာအ​ရှေ့ဘက် ဦးကင်းကြည်​ကျေးရွာရှိ နေအိမ် နှစ်လုံးအား မီိးရှို့သွားခဲ့သည်။

ထို့​နောက် ဦးကင်းကြည်ရွာအ​ရှေ့ဘက်ရှိ တင်​မော်​​ကျေးရွာသို့ ဝင်​ရောက်စဥ် ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ (ပ.က.ဖ)အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားရာ (ပ.က.ဖ)ဘက်မှ ရဲ​ဘော် သုံးဦးဒဏ်ရာ(အသက်အန္တရာယ် မစိုးရိမ်ရ)ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

(ပ.က.ဖ)အဖွဲ့များဆုတ်ခွာသွားစဥ် စစ်အုပ်စုက တင်​မော်ရွာကို မီးတင်ရှို့ရာ ​နေအိမ် ၂၅လုံးခန့်ပြာကျသွား​ကြောင်း ဒေသခံတို့က ပြောသည်။ အကြမ်းဖက်အုပ်စုသည် ပုဏ္ဏားကြီး​ကျေးရွာရှိ နေအိမ် တစ်လုံး၊ ချပ်ကြီးဒေသ၊ ပိ​တောက်ပင်ရွာရှိ နေအိမ် ရှစ်လုံးတို့ကို ထပ်မံမီးရှို့သွားခဲ့သည်။

မေလ ၁၄ ရက်​ကလည်း ချပ်သင်းရွာမှ အကြမ်းဖက်စစ်​အုပ်စုသည် ဆားကျင်း​ကျေးရွာရှိ နေအိမ် ​လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများဝင်ရောက်ဖျက်ဆီးမီးရှို့နေမှုကြောင့် ချပ်သင်းနှင့် ချပ်ကြီးဒေသရှိ ကျေးရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။