Connect with us

Hi, what are you looking for?

သတင်း

၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော
၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ တို့အကြား (၁၅ ရက်အတွင်းတိုက်ပွဲပေါင်း(၅၃)ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ဩဂုတ် (၁)ရက်ကနေ (၁၅)ရက်အတွင်းတိုက်ပွဲအရေအတွက်ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်(BGF)ဘက်က (၄၃)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)နဲ့ KNLA တပ်မဟာ (၅)တို့အကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာနဲ့ လယ်ယာဥယျာဉ်ခြံမြေတွေထဲကို တမင်ရည်ရွယ်ပြီး ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ(၁၀၀၀၀၀) နီးပါးအထိရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook