Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Wave၊ Kpay စသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှ ငွေသွင်းငွေထုတ်သူများကိုလျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်အပါအဝင် တင်းကျပ်ရန်၁၀ ချက်ကို စစ်ကောင်စီညွန်ကြား

KPay ၊ Wave Money ၊ True Money စသည့် မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတင်းကြပ်သည့် အချက် ၁၀ချက်ပါသည့် လျှို့ဝှက် ညွန့်ကြားစာကို စစ်ကောင်စီ ဗဟိုဘဏ်၊ ညွန့်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက လက်မှတ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုများတွင် ငွေသွင်း၊ငွေထုတ်ဆောင်ရွက်သူများကို ကိုယ်စားလှယ်များက လျှို့ဝှက် ဓာတ်ပုံရိုက်ထားရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဘဏ်များကို ဩဂုတ် ၁၅ ရက်စွဲဖြင့် ညွန့်ကြားထားသည်။

KPay ၊ Wave Money ၊ True Money စသည့် မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတင်းကြပ်သည့် အချက် ၁၀ချက်ပါသည့် လျှို့ဝှက် ညွန့်ကြားစာကို စစ်ကောင်စီ ဗဟိုဘဏ်၊ ညွန့်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက လက်မှတ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုညွန့်ကြားချက်တွင် စစ်ကောင်စီဗဟိုဘဏ်ညွန့်ကြားရေးမှူးချုပ်က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထိုလုပ်ငန်းများဆောင်ရွက်နေသည့် ဘဏ်များကို လိပ်မှုထားသည်။

ငွေသွင်း/ငွေထုတ်ဆောင်ရွက်သူများကိုလည်း ကိုယ်စားလှယ်(Agent)များက CCTVတပ်ဆင်ထားရန် သို့မဟုတ်လျှို့ဝှက် ဓာတ်ပုံရိုက်ထားရန်ဆို​​သောအချက်ပါဝင်လာခြင်းဖြစ်သည်။ထိုအပြင် မိုဘိုင်းဖုန်းသုံးငွေထုတ်၊ငွေသွင်းတို့ဆောင်ရွက်ရာတွင် မှတ်ပုံတင်အချက်အလက်အပြည့်အစုံရယူထားရန်၊ မိုဘိုင်းငွေကြေးစာရင်းများဖွင့်လှစ်ရာတွင် အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဓာတ်ပုံများ ရိုက်ယူထားပြီးမှဖွင့်လှစ်ရန်လည်း ဖိအား​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ​မိုဘိုင်း​ငွေလွှဲဝန်​ဆောင်မှုလုပ်ငန်းများကိုလည်းငွေလွှဲရာတွင်တစ်ဖက်ငွေလွှဲလက်ခံသူ၏အမည်ပေါ်လွင်စေမည့် စနစ်အမြန်ဆုံးပြင်ဆင်ရန်လည်းဖိအား​ပေးထားသည်။

​ငွေလွှဲဝန်​ဆောင်မှုကိုယ်စားလှယ်များကိုလည်း အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့တောင်းရမည်ဟုလည်းဆိုပြန်သည်။

“NUGဘက်ကနွေဦးထီပြန်စပြီးလိုကြေညာတော့စစ်ကောင်စီဘက်က မိုဘိုင်းငွေပေးချေမှုတွေကို တင်းကျပ်လိုက်တာပါပဲ။ မြေပြင်မှ တကယ်လုပ်နိုင်မလားဆိုတာစောင့်ကြည့်ရဦးမယ်။”ဟု မိုဘိုင်းငွေကြေးလုပ်ငန်းဆိုင်ရာကိုယ်စားလှယ်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုရပ်တန့်သွားစေရန် ဖိအားမျိုးစုံပေးဆောင်ရွက်မှုများကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးလုပ်ငန်းများ ပျက်စီးနေပြီး ၁၀နှစ်​ကျော်တည်ဆောက်ခဲ့သည့် ဘဏ်စနစ်မှာ ပျက်စီးသွားပြီဟု ကမ္ဘာ့ဘဏ် ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။