Connect with us

Hi, what are you looking for?

သတင်း

Wave၊ Kpay စသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှ ငွေသွင်းငွေထုတ်သူများကိုလျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်အပါအဝင် တင်းကျပ်ရန်၁၀ ချက်ကို စစ်ကောင်စီညွန်ကြား

KPay ၊ Wave Money ၊ True Money စသည့် မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတင်းကြပ်သည့် အချက် ၁၀ချက်ပါသည့် လျှို့ဝှက် ညွန့်ကြားစာကို စစ်ကောင်စီ ဗဟိုဘဏ်၊ ညွန့်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက လက်မှတ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုများတွင် ငွေသွင်း၊ငွေထုတ်ဆောင်ရွက်သူများကို ကိုယ်စားလှယ်များက လျှို့ဝှက် ဓာတ်ပုံရိုက်ထားရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဘဏ်များကို ဩဂုတ် ၁၅ ရက်စွဲဖြင့် ညွန့်ကြားထားသည်။

KPay ၊ Wave Money ၊ True Money စသည့် မိုဘိုင်းဖုန်းသုံးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတင်းကြပ်သည့် အချက် ၁၀ချက်ပါသည့် လျှို့ဝှက် ညွန့်ကြားစာကို စစ်ကောင်စီ ဗဟိုဘဏ်၊ ညွန့်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက လက်မှတ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုညွန့်ကြားချက်တွင် စစ်ကောင်စီဗဟိုဘဏ်ညွန့်ကြားရေးမှူးချုပ်က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထိုလုပ်ငန်းများဆောင်ရွက်နေသည့် ဘဏ်များကို လိပ်မှုထားသည်။

ငွေသွင်း/ငွေထုတ်ဆောင်ရွက်သူများကိုလည်း ကိုယ်စားလှယ်(Agent)များက CCTVတပ်ဆင်ထားရန် သို့မဟုတ်လျှို့ဝှက် ဓာတ်ပုံရိုက်ထားရန်ဆို​​သောအချက်ပါဝင်လာခြင်းဖြစ်သည်။ထိုအပြင် မိုဘိုင်းဖုန်းသုံးငွေထုတ်၊ငွေသွင်းတို့ဆောင်ရွက်ရာတွင် မှတ်ပုံတင်အချက်အလက်အပြည့်အစုံရယူထားရန်၊ မိုဘိုင်းငွေကြေးစာရင်းများဖွင့်လှစ်ရာတွင် အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဓာတ်ပုံများ ရိုက်ယူထားပြီးမှဖွင့်လှစ်ရန်လည်း ဖိအား​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ​မိုဘိုင်း​ငွေလွှဲဝန်​ဆောင်မှုလုပ်ငန်းများကိုလည်းငွေလွှဲရာတွင်တစ်ဖက်ငွေလွှဲလက်ခံသူ၏အမည်ပေါ်လွင်စေမည့် စနစ်အမြန်ဆုံးပြင်ဆင်ရန်လည်းဖိအား​ပေးထားသည်။

​ငွေလွှဲဝန်​ဆောင်မှုကိုယ်စားလှယ်များကိုလည်း အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့တောင်းရမည်ဟုလည်းဆိုပြန်သည်။

“NUGဘက်ကနွေဦးထီပြန်စပြီးလိုကြေညာတော့စစ်ကောင်စီဘက်က မိုဘိုင်းငွေပေးချေမှုတွေကို တင်းကျပ်လိုက်တာပါပဲ။ မြေပြင်မှ တကယ်လုပ်နိုင်မလားဆိုတာစောင့်ကြည့်ရဦးမယ်။”ဟု မိုဘိုင်းငွေကြေးလုပ်ငန်းဆိုင်ရာကိုယ်စားလှယ်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုရပ်တန့်သွားစေရန် ဖိအားမျိုးစုံပေးဆောင်ရွက်မှုများကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးလုပ်ငန်းများ ပျက်စီးနေပြီး ၁၀နှစ်​ကျော်တည်ဆောက်ခဲ့သည့် ဘဏ်စနစ်မှာ ပျက်စီးသွားပြီဟု ကမ္ဘာ့ဘဏ် ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။