Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ

“အသီး ပစ်သွင်းပေးခဲ့တာပါ။ ဒဏ်ရာအနည်းငယ်ဘဲ ရသွားတာပါခင်ဗျာ။ ပေါင်မှာလို့ သိရပါတယ်”ဟု MDY-PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ
မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတစ်ဦးအိမ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဗုံးထိမှန်ဒဏ်ရာရသွားကြောင်း MDY-PDF က ယနေ့(သြဂုတ် ၁၈) ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် အကွက် (၅၀၄)၊ သားတော်ရဘုရားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်နေအိမ်အား သြဂုတ် ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အသီး ပစ်သွင်းပေးခဲ့တာပါ။ ဒဏ်ရာအနည်းငယ်ဘဲ ရသွားတာပါခင်ဗျာ။ ပေါင်မှာလို့ သိရပါတယ်”ဟု MDY-PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရဲဘော်များ၏လုံခြုံရေးအရ သတင်းထုတ်ပြန်ချက် များ နောက်ကျမှုနောက်ကျရခြင်းအပေါ် ပြည်သူများနား လည်ပေးစေလိုကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

MDY-PDF ပြောက်ကျားတပ်ဖွဲ့သည် မြို့ပေါ်မြေ အောက် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်သကဲ့သို့ မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း ဒေသကာကွယ် ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ တောကျီးကန်းစစ်ဆင်ရေးများတွင် ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။