Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မှ အင်းတော်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIAနှင့် PDF ပူးပေါင်းတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိအခိုက် အကျအဆုံး ရှိပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - Indaw Revolution
ဓာတ်ပုံ - Indaw Revolution

▪️စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ဘက်မှ အင်းတော် ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း၍ ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ယမန်နေ့ (ဩဂုတ် ၁၉ရက်)နံနက်ပိုင်းတွင် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်းတော်ကြား ဆင်မတောင်ဘက်တွင် မိုင်း သုံးလုံး ဆွဲ တိုက်ခိုက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိအခိုက် အကျအဆုံး ရှိပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်များသည် အင်းတော်မြို့နယ် နန့်သာရွာမှ တောထဲဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။

လက်တလောတွင် ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက် စသည့် ဒေသများ၌ စစ်ကောင်စီတပ်များ ဝင်ရောက်လှုပ်ရှားနေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။