Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား

အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။

စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား
စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား

LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန် JFM တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံရုံးသည် တရားမဝင်စစ်အာဏာသိမ်းမှုအပြီး စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် သုံးစွဲထားကြောင်း နော် ဝေသတင်းစာ Aftenposten က ထုတ်ပြန်သည်။

LOTTE သည် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေပြီး နော်ဝေ နိုင် ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ သံရုံးက ယင်းဟိုတယ်၌ တစ်လလျှင် ဒေါ်လာ ၄,၀၀၀ မှ ၆,၃၀၀ စျေးနှုန်းရှိသည့်အခန်းများအတွက် အများဆုံးအသုံးပြုခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

“အဲ့ဒီဟိုတယ်ကို နော်ဝေနိုင်ငံက အသုံးပြုတာကိုခွင့်လွှတ်နိုင်ဖွယ်ရာ ကိစ္စမဟုတ်ပါဘူး။ ဒီမတိုင်မီကလည်း နော်ဝေနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီက ထိခိုက်နိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လူသတ်စစ်ကောင်စီဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ နော်ဝေအစိုးရက ဒီကိစ္စကို တာဝန်ယူတာ မရှိခဲ့ပါဘူး” ဟု JFM က ဆိုသည်။

အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် နော်ဝေနှင့် ဩစတြေးလျတို့အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်စီးပွားရေး ဆက်နွယ်မှုရှိသည့် LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန်၊ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်နှင့် ပံ့ပိုးကူညီရန် JFM က တောင်းဆိုသည်။

LOTTE ဟိုတယ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး စစ်ထောက်ချုပ်ရုံးသည် မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်လက်နက်များကို ဝယ်ယူပေးနေသော ဌာနဖြစ် သည်။

အဆိုပါ စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။