Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သြဂုတ်လဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်စီးသွားသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-MRA)
(သြဂုတ်လဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်စီးသွားသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တန်းအား ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ နောက်ဆုံးယာဉ်မှ ာမိုင်းကွင်းနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားခဲ့ပြီး ​သေဆုံးဒဏ်ရာရရှိသူအများအပြားရှိကြောင်း၊ အတည်ပြုနိုင်ရန်စုံစမ်းနေဆဲဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ နွေဦးရဲဘော် အဖွဲ့များက ” တောကျီးကန်း စစ်ဆင်ရေး” အား ဂုဏ်ပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တာဝန်ရှိသူက “ကားပေါင်းစုံ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်။ ဆယ်ဘီးတွေကော ဆယ့်နှစ်ဘီးတွေကော ရှုပ်ယှက်ခက်နေတာပဲ။ နောက်ဆုံး မိုးအကာအစိမ်းအုပ်ထားတဲ့ ကန်တာကားကို ခွဲလိုက်နိုင်တာ။ အချိန်ကလည်း လင့်နေတဲ့အခါ သတင်းရတာလ​ည်းနောက်ကျတော့ အားချင်းလုပ်လိုက်ရတော့ နောက်ဆုံးကားတစ်စီးပဲ လုပ်လိုက်နိုင်တယ်။ ထိခိုက်ပျက်စီးမှုက ရှိတယ်။ မိုင်းကွင်းနဲ့ မလှမ်းမကမ်းမှာ ကားကထိုးရပ်သွားတာ။ ထိုးရပ်ပြီး အိစိအိစိနဲ့ပဲ သူတို့မောင်းသွားရတာ။ ဆွဲပြီးတော့ ကလေးတွေကလ​ည်း ပြန်ရှောင်လာရတာ။ အမှောင်လည်း အမှောင်ထဲမှာဆိုတော့။”ဟု ပြောကြားသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ်လျှောက်ရှိ ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။