Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့ပေါ် လက်နက်ကိုင်ပြီး ကားဖြင့်လှည့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်၊ တစ်ဦးသေ ငါးဦးဒဏ်ရာရ

မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်မှ လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ပြည်သူများအနေဖြင့် သတိထားသွားလာ၍ သတိပြုဆင်ခြင်ကြရန် မြိတ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က မေတ္တာရပ်ခံထားသည်။

(မြိတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(မြိတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

မြိတ်မြို့ပေါ် လက်နက်ကိုင်ပြီး ကား​ဖြင့်လှည့်နေသည့် စစ်ကောင်စီလက်ကိုင်တုတ် ပြည်သူ့စစ်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တစ်ဦးသေဆုံးသွားကြောင်း မြိတ်(ပကဖ)က ယနေ့ (သြဂုတ် ၁၆)တွင် ထုတ်ပြန် သည်။

ယနေ့နံနက် ၆ နာရီခန့်က မြိတ်မြို့ပေါ် ကားဖြင့်လှည့်နေသော ပြည်သူ့စစ်အဖွဲ့ကို မြိတ်လေယာဥ်ကွင်းအနီး ကံဖျားမြေနီလမ်းထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ စစ်တစ်ဦးပွဲချင်းပြီးသေကာ ငါးဦးအပြင်းအထန်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

“(မိုင်း)တစ်လုံးပါ။ မြိတ်ကပြည်သူ့စစ်အားကောင်းတဲ့မြို့လို့ပြောရမယ်”ဟု မြိတ်(ပကဖ)မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်မှ လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ပြည်သူများအနေဖြင့် သတိထားသွားလာ၍ သတိပြုဆင်ခြင်ကြရန် မြိတ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့စစ်တွေ အားကောင်းတော့ ဆိုင်ကယ်ဖမ်းတာလည်း သူ့တို့ပဲ။ ဧည့်စစ်တာလည်း သူတို့ပါတယ်။ လမ်းမှာ သွားလာနေတဲ့သူတွေကို မသင်္ကာဘူးဆိုပြီးဖမ်းတာလည်းပါတယ်။ စစ်ကောင်စီနဲ့ မခြားပါဘူး။ လုပ်ပိုင်ခွင့်တွေလည်း ပေးထားတယ်။ အားလုံးက အလိုတူအလိုပါတွေပါပဲ”ဟု မြိတ်(ပကဖ)က မှတ်ချက်ပေးသည်။

ထို့အပြင် စစ်ကောင်စီက လက်သပ်မွေးထားသည့် လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ဆိုသူများသည် မြိတ်မြို့ပေါ်ရှိ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့်ဗိုလ်ကျသည့်အပြင် စျေးဆိုင်များတွင် ဆပ်ကြေးကောက်မှုများလည်းရှိနေကြောင်း စုစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook