Connect with us

Hi, what are you looking for?

သတင်း

ဝမ်ပေါင်သို့ ကြေးနီများလာသယ်သည့် စစ်ကောင်စီယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

“တစ်လမ်းလုံး စခတွေ ပွိုင့်ချထားတယ်။ ဒေသခံတွေအတွက် အထူးဂရုစိုက်ပေးကြပါ”ဟု ဒေသတွင်းအခြေစိုက် လူငယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော သူ့ကျွန်မခံမြေဆိုးတစ်သိုက်မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

(ဝမ်ပေါင်ကြေးနီသတ္တုတွင်းစီမံကိန်းဝင်းအတွင်း တွေ့ရသော ယာဥ်များ)
(ဝမ်ပေါင်ကြေးနီသတ္တုတွင်းစီမံကိန်းဝင်းအတွင်း တွေ့ရသော ယာဥ်များ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်​ပေါင်ကုမ္ပဏီဝင်းမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ကြေးနီများသယ်ဆောင်ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၂၅ ရက်)တွင် စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦးကုန်းမှ ဝမ်ပေါင်ကုမ္ပဏီကြေးနီသတ္တုတွင်းစီမံကိန်းဝင်းအထိ စစ်ကောင်စီတပ်အင်အား အများအပြားချကာ လမ်းဘေးဝဲယာပစ်ခတ်ခဲ့ပြီး ကင်းများချထားခဲ့သည်။

ထို့နောက် ဝမ်ပေါင်ကုမ္မဏီမှကြေးနီများအား ခေါင်းဖြူတွဲကားကြီး ခြောက်စီးဖြင့် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ယူသွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ကြေးနီများသယ်ရန်လာသော ရှေ့ပြေးကားအသေးတစ်စီးနှင့် ဖောကား၂စီးတို့အား ပုသိမ် – မုံရွာလမ်း (၁၆)ကုတင်ဆေးရုံအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကားအသေးတစ်စီး မိုးပေါ်သို့ ပျံတက်သွားကာသုံးယောက် ငရဲပို့နိုင်လိုက်ပါတယ်။”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

ကင်းလုံခြုံရေးယူထားသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကံကုန်းရွာလူနေအိမ်ပေါ်ကျ၍ လူနေအိမ် သုံးလုံး မီးလောင်ပြာကျသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကံကုန်းရွာစပယ်ရုံဘုန်းကြီးကျောင်းတွင် အခြေပြုပြီး သြဂုတ် ၂၆ရက်နေ့၌ ချင်းတွင်းမြစ်ဆိပ်ကမ်းမှ ဖောက်ခွဲရေးယမ်းများ ဝမ်ပေါင်သို့လာပို့မည့် သင်္ဘောများကို ဆက်လက်လုံခြုံရေးယူမည်ဟု သိရကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဝမ်ပေါင်ကုမ္မဏီမှ ကြေးများသယ်ယူမည့် ယာဥ်တန်းဖြတ်မည့် ပုသိမ်-မုံရွာ လမ်းပိုင်းတလျှောက် စစ်ကောင်စီကလုံခြုံရေး အပြည့်ယူထား၍ ခရီးသွားပြည်သူများ သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့တွင် သတိပေးထားခဲ့သည်။

“တစ်လမ်းလုံး စခတွေ ပွိုင့်ချထားတယ်။ ဒေသခံတွေအတွက် အထူးဂရုစိုက်ပေးကြပါ”ဟု ဒေသတွင်းအခြေစိုက် လူငယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော သူ့ကျွန်မခံမြေဆိုးတစ်သိုက်မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။