Connect with us

Hi, what are you looking for?

သတင်း

ဆော PDF၏ ခွင့်ပြုချက်မရဘဲ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းလက် နက်ကိုင်အဖွဲ့များအား အသိပေး

ပြည်သူလူထုအနေဖြင့် ည ၈ နာရီမှ နံနက် ၅နာရီ အတွင်း မြို့တွင်းသို့ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန်လည်း အသိပေးထားသည်။

ဆော PDF
ဆော PDF

▪️ဆောမြို့တွင် မိသားစုတစ်ခုကို YDFက သတ်ဖြတ် ပြီး ရွှေငွေနှင့်ကား၊ ဆိုင်ကယ်များ ယူသွားပြီးနောက် ယခုကဲ့သို့ သတိပေးခြင်းဖြစ်

မကွေးတိုင်း ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတပ်ဖွဲ့များ၏ ခွင့်ပြုချက်မရဘဲ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဆော PDFက ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များအား အသိပေးလိုက်သည်။

ဆောမြို့အတွင်းဖြစ်ပေါ်နေသော အခြေနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။ ဆောမြို့နယ်အတွင်း လှုပ် ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ယောဒေသကာကွယ်ရေးတပ်-YDF(ဆော)သည် ဩဂုတ် ၂၁ရက်က ဆောမြို့နယ်ရှိ အသက်(၁၃)နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုတစ်ခုကို သတ်ဖြတ်မှု ဖြစ်ခဲ့သည်။

ဆောမြို့အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လက်နက်ကိုင် လူသတ်မှု ၊လုယက်ခိုးယူမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေမှုများ မဖြစ် ပေါ်လာစေရန်နှင့် ပြည်သူလူထုများ အထိတ်တလန့်ဖြစ်ပေါ်စေသော အရာများထပ်မံမဖြစ်ပွား စေရေးအတွက် ဆော PDF အနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဒေသအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များသို့အကြောင်းမကြားပဲ၊ခွင့်ပြုချက်မရပဲ ဖြတ်သန်းသွားလာခဲ့ပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေနေများအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဆောမှ လုံးဝ လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် ည ၈ နာရီမှ နံနက် ၅နာရီ အတွင်း မြို့တွင်းသို့ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန်လည်း အသိပေးထားသည်။

ထို့အပြင် YDF(ဆော)အဖွဲ့သည် ဒလန်ရှင်းလင်းရေးအကြောင်းပြပြီး မိသားစုလိုက် သတ်ဖြတ်လုယက်ခဲ့ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆော PDFအပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်ထားသည်။

YDF ဗဟိုကမူ ပျူစောထီးများ အစည်းအဝေးလုပ်နေ၍ ရှင်းလင်းခြင်းဖြစ်ပြီး ပြန်လည်ခုခံ၍ သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ YDFက ပျူစောထီးများ အစည်းအဝေးလုပ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း သတ်ဖြတ်ခံရသူများမှာ ဆောမြို့ရှိ အိမ်ရှင် ကိုခင်မောင်လင်း နှင့် ၎င်း၏ ဇနီး၊ ညီ၊ ချွေးမ၊ မြေး(အသက် ၁၃နှစ်အရွယ်မိန်းကလေး) နှင့် ဘောလုံးပွဲလာကြည့်သည့် ရပ်ကွက် ထဲမှ အသက် (၅၀)ကျော် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ တပ်ဖွဲ့မဟုတ်ဘဲ သီးခြားဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖြစ်ကာ NUG လက်အောက်ခံ ဒေသတွင်း PDF တပ်များနှင့်မကြာခဏ ပြဿနာဖြစ် ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ