Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအလိုကျ ဝန်ထမ်းများထုတ်ပါ်ခြင်းနှင့် ကိုဗစ်ချေးငွေများ ပြန်လည်တောင်းယူခြင်းပြုလုပ်နေသော တောင်ငူဆေးရုံအုပ်နှင့် စာရေးတစ်ဦးကို တောင်ငူခရိုင် PDF သတိပေး

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

▪️ဆက်လက်ပြုလုပ်နေပါက လိုအပ်သလိုအရေးယူမည်ဟုဆို

စစ်ကောင်စီအလိုကျ ဝန်ထမ်းများထုတ်ပါ်ခြင်းနှင့် ကိုဗစ်ချေးငွေများ ပြန်လည်တောင်းယူခြင်းပြုလုပ်နေသော တောင်ငူဆေးရုံအုပ်နှင့် စာရေးတစ်ဦးကို တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က သတိပေး ထုတ်ပြန်လိုက်သည်။

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

တောင်ငူဆေးရုံအုပ် ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် စာရေးသန့်ဇင်ဆိုသူတို့သည် စစ်ကောင်စီအလိုကျ ပြည်သူ့ ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ကိုဗစ်ချေးငွေများပြန်စပ်ခိုင်းခြင်းတို့ကို ပဲခူးတိုင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ပဲခူးမြို့ခေါင်းစဥ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထောက်ပြသည်။

“သတိပေးတားမြစ်ထားပြီဖြစ်၍ မိမိတို့၏ အသက်ကို စကစ အတွက် စွန့်လွှတ်ဆောင်ရွက်ရန် သင့်မသင့်စဥ်းစားကြရန်နှင့် ဆက်လက်၍ ခြိမ်းခြောက်မည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယင်းကဲ့သို့ ပြန်သူ့ဝန်ထမ်းများအား ထုတ်ပယ်ခြင်းနှင့် ကိုဗစ်ချေးငွေများ ပြန်လည် တောင်းယူခြင်းတို့ကို စာရွက်စာတမ်းအထောက်အထားဖြင့် ဖော်ပြထားရာတွင် တောင်ငူဆေးရုံမှ သွားဖွားဆရာမလေးဦးအား ထုတ်ပယ်ခြင်း၊ သင်တန်းလျော်ကြေးငွေများနှင့် အတိုးမဲ့ချေးငွေများအား ပြန်ဆပ်ရန်ဖော်ပြထားသည့်အပြင် ပြန်လည်ပေးဆပ်ခြင်းမရှိပါက ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။