Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)
(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)

▪️စစ်ကောင်စီတပ်က မီးရှို့နေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း၊ ဝယ်တောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရွာများအားမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၇ ရက်) နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ဝယ်တောင်ရွာအနောက်ဘက်၌ စစ်သားနှင့်ပျူ ၁၈ဝခန့်ပါသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)
(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဝယ်တောင်(တ)ရွာအား ယမန်နေ့(သြဂုတ် ၂၆ ရက်) မွန်းလွဲပိုင်းက တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဝယ်တောင်(တ)ရွာအား မီးရှို့ဖျက်ဆီးကာ နံနက် ၁၁ နာရီခန့်တွင် လက်ပံတိုရေနံမှော်ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement
Public Service Announcement

“လမ်းတလျှောက် လက်နက်ကြီးတွေရမ်းသမ်း ပစ်ခတ်လာတာကြောင့် ဒေသခံပြည်သူများ မိုးရွာထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။”ဟု We Love Myaing က အသိပေးသည်။

စစ်ကောင်စီတပ်သ​ည် ယမန်နေ့ကလည်း မြိုင်နယ်အနောက်ပိုင်းရှိ ဆူးဝင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။

မြိုင်မြို့နယ်အနောက်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက် နှင့် ၂၃ ရက်ကလည်း မြိုင်မြို့နယ်၊ သဒွတ်ကျေးရွာနှင့် ပေါက်ခေါင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ