Connect with us

Hi, what are you looking for?

သတင်း

မုန်းမှာ ဒေသခံတစ်ဦးကို စစ်တပ်ကထပ်ဖမ်းဆီး

စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်ဟာ ကျေးရွာတွေထဲမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာတွေအပြင် ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်စတာတွေကို ဖမ်းယူစားသောက်တာတွေရှိကြောင်း ကေအဲန်ယူက ဆိုထားပါတယ်။

KNU
KNU

မုန်းမြို့နယ်ထဲမှ စစ်ရေးဝင်ရောက်လှုပ်ရှားနေပြီး ဒေသခံပြည်သူတွေကို မကြာခဏဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူး(မုန်း)မြို့နယ်ထဲမှာဩဂုတ်လ(၂၉)ရက်က စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်က ကေအဲန်ယူ-မူးမြို့နယ် စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ ကနစိုးပင်ကျေးရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရပြီးနောက်ပိုင်း ဘာသတင်းမှ မသိရှိရတော့ဘူးလို့ ကေအဲန်ယူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်ဟာ ကျေးရွာတွေထဲမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာတွေအပြင် ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်စတာတွေကို ဖမ်းယူစားသောက်တာတွေရှိကြောင်း ကေအဲန်ယူက ဆိုထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာနဲ့ ဒေသခံပြည်သူလူထုတွေကို ဖမ်းဆီးထိုးကြိတ် ရိုက်နှက်တာတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေလူထုတွေဟာ ကျေးရွာတွေမှာမနေရဲကြတော့ပဲ နေရပ်ကိုစွန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook